Chapter_45*

5.3K 129 7
                                    


⚠This part contains mature scenes. Read at yours own risks.⚠
:
:
:
:
:
:
:
:
:__________________

တော်ဝင်တို့ မနက်ပိုင်း flightနဲ့ ထိုင်းကို လာခဲ့ပြီး
ဆယ်နာရီခွဲလောက်တွင် တည်းခိုရမယ့် ဟော်တယ်ကို
ရောက်လာခဲ့သည်။ ဟော်တယ်က သူတို့သွားရမယ့်ဆေးရုံနဲ့ အတော်လေးနီးတာကြောင့်
အတော်ပင်အဆင်ပြေသည်။ ရတုက အလုပ်တွေ ရှိသေးတာကြောင့် မလိုက်လာနိုင်ပေမဲ့ လင်းထွဋ်က
လိုက်လာပေး၏။

"နားလိုက်အုံးလွန်း"

"ဆေးရုံမသွားဘူးလား"

"လွန်းနိုးလာမှ သွားမယ်။ ခရီးပန်းပြီးဖျားမှာစိုးလို့"

"ရပါတယ်။"

"ခင်ဗျားရလည်း မောင်မရဘူး။ နားလိုက်"

"အင်းပါ။ မောင်လည်း နားအုံး"

တော်ဝင်က ခေါင်းညိတ်ပြပြီးအပေါ်ထပ်အင်္ကျီကို ဆွဲချွတ်ပေမဲ့ ကျောက်ပတ်တီးစီးထားရတဲ့ လက်တစ်ဖက်ကြောင့် အဆင်မပြေ။ တော်ဝင် မျက်မှောင်ကြုတ်လိုက်သည်။ သူဒီကျောက်ပတ်တီးကို အမှန်ပင်သဘောမကျပေ။ ဒီဟာကြောင့် ဘာလုပ်လုပ်
အဆင်မပြေ၊ အဆိုးဆုံးကတော့ သူ့ရဲ့ဖက်ရှင်ကို
ထိခိုက်စေခြင်းပင်။

"ကိုယ်လုပ်ပေးမယ်"

လွန်းက luggageကို တစ်နေရာမှာချလိုက်ကာ လှည့်ပြောလာပြီး အပေါ်ကုတ်အင်္ကျီကို ချွတ်ပေးသည်။

"ရပြီ။ ခြေ၊ လက်သန့်စင်ရအောင်။ ကိုယ်ကူညီပေးမယ်"

လွန်းက တော်ဝင့်လက်ကိုဆွဲ၍ ရေချိုးခန်းထဲ ခေါ်သွားသည်။ ရေချိုးခန်းထဲရောက်မှ လွန်းက တော်ဝင့်ရှပ်အင်္ကျီကို ဆွဲချွတ်ပေးလိုက်သည်။
ထို့နောက် ဝမ်းဗိုက်ကြွက်သားပေါ်က သေနတ်ဒဏ်ရာ
အမာရွတ်ကို ခပ်ဖွဖွ ထိတွေ့ပြီး...

"နာလား"

"ဟင့်အင်း၊ မနာပါဘူး။ အမာရွတ်တောင်ဖြစ်နေပြီကို"

"ဒါတွေကရော..၊ ဒီပစ်ခတ်မှုမှာ ဖြစ်တာလား"

တော်ဝင့်ရဲ့ ရင်ဖက်တွေပေါ်က အမာရွတ်တွေကို ကိုင်ကြည့်၍ဆိုသည်။

"မဟုတ်ဘူး။ ဘယ်တုန်းကဖြစ်တာလဲ မောင်တောင်မမှတ်မိတော့ဘူး"

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now