Chapter_28*

7.4K 182 22
                                    


⚛This part contains mature scenes.
Read at your own risk.⚛
(ဒီတစ်ခါတော့ အတည်ပါ")

:
:
:
:
:
:
:

တော်ဝင် လုပ်စရာရှိတဲ့ ကိစ္စကိုလုပ်၍ အိမ်တန်းမပြန်သေးဘဲ ကုမ္ပဏီကိုပါ တဆက်တည်းဝင်လိုက်သည်။
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲအားလုံးကို ခေါ်လိုက်၏။

"ဒီမှာပါဗျ။ CEOကိုယ်တိုင် အတည်ပြုရမယ့် စာရင်းတွေပါ။ ဒါကတော့ ငွေဝင်၊ငွေထွက် စာရင်းတွေပါ။ ဒီတစ်ခေါက် winner groupနဲ့ တွဲလုပ်မယ့် Hotal projectနဲ့ ပတ်သက်တဲ့ စာရင်းတွေနဲ့ တခြားစာရင်းတွေက်ို mailနဲ့ ပို့ပေးလိုက်ပါ့မယ်"
(winner group- ရီမီရဲ့ ကုမ္ပဏီ)

အကြီးအကဲများထဲမှ အတော်အတန်အရာရောက်သည့်သူက
ဦးဆောင်ကာပြော၍ စာရင်းတွေပြလာသည်။

"အင်း..ထားခဲ့လိုက်ပါ။ ကျွန်တော် မရှိတဲ့ အချိန် ကုမ္ပဏီကို စောင့်ရှောက်ပေးတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်၊"

တော်ဝင်က အားလုံးကို မျက်လုံးဝေ့ကြည့်ရင်း ခပ်ပြုံးပြုံးဆိုလိုက်သည်။

"မဟုတ်တာဗျာ..၊ ကုမ္ပဏီကိုစောင့်ရှောက်ရမှာ ကျွန်တော်တို့ တာဝန်ပဲဟာ"

"အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ဒီလကစပြီး သန့်ရှင်းရေးပါမကျန် အကုန်လုံးကို ငါးသောင်းဆီ လစာတိုးပေးလိုက်ပါ။"

တော်ဝင်က ဘဏ္ဍာရေးဖက်က အကြီးအကဲကို ကြည့်၍ ဆိုလိုက်တော့ အကုန်လုံး ဟန်မဆောင်နိုင်အောင်ပင်
ပြုံးရယ်ကုန်ကြသည်။

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်CEO"

တော်ဝင်က အကုန်လုံးကိုဝေ့ကြည့်ရင်း တည်ငြိမ်သည့် အသံဖြင့် ​လေးလေးနက်နက်ပြောလိုက်သည်။

"မလိုပါဘူး။ ဒါကရသင့်လို့ ရတယ်လို့ပဲ သတ်မှတ်ကြပါ။
ကျွန်တော့်ကို သစ္စာရှိနေသ၍ ကျွန်တော်ကလည်း အားလုံးအပေါ်ကောင်းပေးနိုင်ပါတယ်။"

တော်ဝင့် စကားကြောင့် အကြီးအကဲတချို့
မျက်နှာပျက်သွားကြတော့ တော်ဝင့် သွားစွယ်လေး
တစ်ဖက်ပင် ထင်ရှားလာသည်။

"ဟားဟား! ကျွန်တော်က ဒီတိုင်းပံ ပြောလိုက်တာပါ။
အရမ်း seriousကြီး မဖြစ်ကြပါနဲ့။ ကိုယ်မဟုတ်ရင်
ဘာမှကြော​က်စရာမလ်ိုဘူးလေ"

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now