ပြင်သစ်နိုင်ငံ..
ပြင်သစ်ဟုဆိုလိုက်သည်နှင့် ဥရောပနိုင်ငံတွေထဲမှ
လည်ပတ်စရာနေရာတွေများစွာရှိပြီး သွားရောက်သွားချင်စရာ လှပတဲ့နိုင်ငံလို့
အားလုံးက တွေးထင်မိကြမည်မှာ ဧကန်မလွဲပင်။
ထို့ကြောင့်လည်း ပြင်သစ်နိုင်ငံက ခရီးသွားခြင်းကို
သဘောကျနှစ်ခြိုက်တဲ့ သူတွေအတွက် မျက်စိကျစရာနေရာပင် ဖြစ်သည်။ ထို့ကြောင့်လည်း
တစ်နှစ်ကို နိုင်ငံခြားခရီးသွား (၈၂)သန်းကျော်လောက်
လာရောက်လည်ပတ်ကြလေ့ရှိသည်။ထိုသို့ခရီးသွားတွေကို အဓိကဆွဲဆောင်ထားတဲ့
နေရာများက ပြင်သစ်နိုင်ငံရဲ့ ယဥ်ကျေးမှု။
သမိုင်းဝင်ထင်ရှားတဲ့ အဆောက်အအုံတွေနဲ့
နေရာတွေ သာမက လုံးဝမမေ့ထားသင့်တဲ့
အရာနှစ်ခုကလည်း ရှိသေး၏။
ထိုအရာမှာ နာမည်ကြီး ပြင်သစ်ဝိုင်နှင့်
ပြင်သစ်ရဲ့ဖက်ရှင်များပင်ဖြစ်သည်။ပြင်သစ်နိုင်ငံရဲ့ မြို့တော် Parisမြို့တော်သည်
ဘယ်နေရာကိုကြည့်ကြည့် ကြီးကျယ်ခမ်းနားနေလျက်ရှိသည်။
နေရာတိုင်း၌ အချစ်အငွေ့အသက်တွေနဲ့ပြည့်နေတယ်လို့
တင်စားရလောက်အောင် ကဗျာဆန်နူးညံ့တာကြောင့်
အချစ်မြို့တော်ဟုပင် တင်စားကြသည်အထိ။
ထိုသို့ နာမည်မျိုးအပြင် ရေမွှေးမြို့တော်၊ဖက်ရှင်မြို့တော်၊
အနှပညာမြို့တော် ဟူ၍လည်း အမျိုးမျိုးတင်စားခေါ်ဝေါ်ကြလေ့ရှိသည်။"ရှား...Eiffel Towerအရင်သွားပါမယ်ဆို.."
အိမ်မှာထဲက Eiffel Towerသွားမည်ပြောလာသည်မှာ
ကားပေါ်ရောက်သည်အထိ ပြောလို့မပြီးသေးတာကြောင့်
တော်ဝင်ပြုံးလိုက်သည်။"ညမှ သွားကြမယ်လေ..အခု Arc de Triompheကိုအရင်သွားကြမယ်။ အဲ့ဒါက
နေ့လည်နဲ့ ညနေဆို လူအရမ်းကျပ်တယ်.။မနက်ပိုင်းသွားမှ အဆင်ပြေတာ..""..ပြီးတာပဲ။ ညကျ Eiffel Tower သွားမယ်နော်.."
"ဟုတ်ပါပြီကွာ..လွန်းက မနက်စောစောပိုင်း
သွားချင်တယ်ဆို နောက်ရက်ကျသွားမယ်လေ။
ဟုတ်ပြီလား..""အင်း...ဒါနဲ့ အန်ဒရီတို့က ဘာလို့မလိုက်တာလဲ.."
"မောင်..ရတုကို အလုပ်နည်းနည်းခိုင်းထားလို့.."
YOU ARE READING
မောင့်၏...တစ်ဦးဆိုင်နာမ်(completed) မ်ေမာင့္၏...တစ္ဦးဆိုင္နာမ္
Romance"မင်းသာမရှိရင် ဘဝကြီးက ဆေးလိပ်တစ်လိပ်ကို မီးမညှိပဲ နှုတ်ခမ်းကြားထဲ ညှပ်ထားရသလိုဘဲ မပြည့်စုံသလို အဓိပ္ပါယ်လည်းမရှိဘူး" ------ ထင်ရှားတော်ဝင်မောင် × လွန်းလေပြေသွင် Green flag seme × normal Uke start date-10/12/2023 End date_12/6/2024 •••••• A/N: poss...