Chapter_34

3.9K 151 41
                                    


ခွင့်တောင်းခြင်း

ဦးရဲရင့်မောင်ရဲ့ နာမည်လေးကို အလစ်တဲလ်လေး ပြောင်းချင်လို့ ခွင့်တောင်းတာပါ၊ အများကြီးမဟုတ်ပါဘူး။
ရဲရင့်မောင်ကနေ 'ရဲရင့်တော်ဝင်မောင်' လို့ပြောင်းချင်တာပါ။
အဓိက,တော့ 'တော်ဝင်မောင်'ဆိုတဲ့ နာမည်လေးကို သုံးချင်လို့ပါ။ အပိုင်းသုံးဆယ်ကျော်မှ ထပြောင်းရတာလည်း အားနာပါတယ်။ မနေ့ကမှ ဒီထဲမှာ Babyလေးပါလာရင်
ဘယ်လိုနာမည်ပေးရမလဲ စဥ်းစားရင်း 'တော်ဝင်မောင်'ဆိုတဲ့
နာမည်ကို မျိုးရိုးနာမည်ပုံစံလေး သုံးမယ်ဆိုပြီး စိတ်ကူးရခဲ့လို့ပါ။ ဦးရဲရင့်က scenesတွေလည်း သိပ်မပါဘူးဆိုတော့ စိတ်အနှောင့်အယှက်သိပ်မဖြစ်
လောက်ဘူးလို့ မျှော်လင့်ပါတယ်။

ရဲရင့်တော်ဝင်မောင်
ထင်ရှားတော်ဝင်မောင်
____?တော်ဝင်မောင်
babyလေး ထည့်ရမလား၊မထည့်ရဘူးလား?

ဒီမေးခွန်းလေးတော့ ဖြေသွားစေချင်တယ်။ ကျွန်တော့်စိတ်က
ထည့်ဖို့၊ မထည့်ဖို့ကို 50/50ဖြစ်နေလို့ စာဖတ်သူတွေရဲ့
ဆန္ဒအနည်း၊အများကိုကြည့်ပြီး ဆုံးဖြတ်မှာမို့လို့ပါ။

________________
:
:
:
:
:
:
:
:____________ Chapter_34______________

ကျွီ!

ရုံးခန်းတံခါးပွင့်လာသည်နှင့် ဆိုဖာပေါ်တွင် ထိုင်စောင့်နေသည့် ရီမီက မော့ကြည့်ရင်းဆိုလာသည်။

"ဪ..ရောက်လာပြီလား"

"အင်း..လမ်းမှာပြဿနာလေး ဖြစ်နေလို့ နည်းနည်း နောက်ကျသွားတယ်"

လွန်းသစ်ဆို ဘယ်တော့မှ စကားကောင်းမပြောသည့်သူက
အခုတော့ နောက်ကျတဲ့အကြောင်းပါ ရှင်းပြနေသည်မို့
လွန်းမျက်ခုံးပင့်သွားသည်။

"ကိုကိုရော ပါလာတာလား"

"ဟုတ်တယ်၊ လွန်းသစ်။ ဒါနဲ့ နိုင်ဂျယ်ရော"

အမြဲတမ်း တပူးပူးတတွဲတွဲမြင်နေရသူတွေက အခုအတူမရှိနေတာကြောင့် မေးလိုကျမျိသညျ။

"အာ..အစ်ကိုက..."

"နိုင်ဂျယ် ဆုံးသွားပြီ"

"ဟင်"

ရီမီဖြေရခက်သွားမှန်း သိတာကြောင့် တော်ဝင်အစား
ဝင်ဖြေပေးလိုက်တော့ လွန်းအားနာသွားကာ ချက်ချင်းလှည့် တောင်းပန်သည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now