Chapter_23

6.1K 222 9
                                    


Wedding suitesရောင်းသည့်ဆိုင်တစ်ဆိုင်တွင်
ဖြစ်၏။
ထိုဆိုင်က ဝန်ထမ်းတွေမှာ ဝတ်စုံရွေးနေသည့်
ဧည့်သည်နှစ်ဦး၏ စကားများအား နားမလည်ကြပါသော်လည်း အခြေအတင်ဖြစ်နေမှန်း
ရိပ်စားမိတာကြောင့် နှုတ်ဆိတ်၍ အခြေအနေကို
စောင့်ကြည့်နေကြရသည်။

"ခင်ဗျားကလည်းကွာ..ကျုပ်အဖြူကြီး မဝတ်ပါဘူးဆို"

"မင်္ဂလာဆောင်မှာလေ။ အဖြူလေးနဲ့မှ.."

"weddingမှာ အနက်ဝတ်တဲ့သူတွေလည်း
အများကြီးရှိပါတယ်ကွာ.."

"အဲ့ဒါသူတ်ို့လေ..အခုပြောနေတာ ကိုယ်တို့အကြောင်း။"

"ကျစ်!.."

တော်ဝင် စိတ်ရှုပ်ရှုပ်နဲ့ စုတ်သပ်ရင်း ဂုတ်ထောက်ဆံပင်တို့ကို
သပ်တင်ရင်း ဆွဲဖွလိုက်သည်။

"တခြားဟာ ကြိုက်တာပြော..နားထောင်မယ်။
ဒါတော့မရဘူးကွာ။ မောင်ကweddingမှာ
အနက်ဘဲ ဝတ်ချင်တာ"

"ဒါဆို ကိုယ်လည်း အနက်ဝတ်မယ်လေ."

"ဟာ..အဲ့လိုတော့ရမလား ခင်ဗျားရာ..။
Weddingမှာ သတို့သားနှစ်ယောက်လုံးက
အနက်ဝတ်ထားမှတော့ အသုဘလိုဖြစ်နေတော့မှာပေါ့.."

လွန်းက သက်ပြင်းတစ်ချက် ခပ်လေးလေးချ၏။

"အင်း..ရှားသဘောပါပဲ."

သက်ပြင်းချရင်း ပြောလာသည့် လွန်းကြောင့်
တော်ဝင် နေ,မထိ၊ထိုင်,မသာ ဖြစ်သွားသော်လည်း
အဖြူကို တကယ်မဝတ်ချင်တာကြောင့်
ဘာစကားမှ ဆက်မပြောတော့ဘဲ ဝန်ထမ်းတွေ
ဖက်လှည့်လိုက်သည်။

"မှာထားတဲ့အတိုင်းဘဲ ဝတ်စုံတွေပြင်လိုက်ပါ။
ဝတ်ကြည့်မယ်.."

"ဟုတ်ကဲ့ရှင့်.."

ဝန်ထမ်းကောင်မလေး တစ်ယောက်က ဝတ်စုံကို
သွားထုတ်ပေး၍ တော်ဝင်ကို ကမ်းပေး၏။
တော်ဝင်ရဲ့ ဝတ်စုံက အနက်ရောင်ဖြစ်ကာ
နက်ကတိုင်က အနီရောင်ဖြစ်ပြီး လွန်းဝတ်စုံက
အဖြူစွတ်စွတ်ဖြစ်၍ လည်တိုင်တွင် အနက်ရောင်ကွတ်ထားခြင်းဖြစ်သည်။

လွန်းက တော်ဝင့်လက်ထဲမှ ဝတ်စုံကို ယူကာ
မည်သည့်စကားမျှမဆိုတော့ဘဲ အင်္ကျီကို
သွားလဲ၏။
တော်ဝင်က အဝတ်လဲခန်းထဲ ဝင်သွားသည့်
လွန်းရဲ့ ပုံရိပ်ပျောက်သွားသည်အထိ ကြည့်ပြီးမှ တခြားအဝတ်လဲခန်းကို ဝင်သွားလိုက်သည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now