Chapter_16*

11.1K 268 30
                                    

✴This part contains mature scenes.
Read at your own risks.✴

>>>>>>><<<<<<<

"တွေ့ရတာ ဝမ်းသာပါတယ် မောင်နေ့လွန်းသစ်"

"ထပ်တူပါပဲ ဦးမော်လင်းအောင်"

စားသောက်ဆိုင်တစ်ဆိုင်ရဲ့ VIPခန်းထဲတွင်
ရီမီက ဦးမော်လင်းအောင်နှင့်
စကားပြောနေခြင်းဖြစ်သည်။
ရီမီဘေးတွင် Nigel(နိုင်ဂျယ်)
ထိုင်နေသော်လည်း ဦးမော်လင်းအောင်က
မနှုတ်ဆက်၊ အကြည့်တစ်ချက်သာ ပို့လိုက်ပြီး
မျက်နှာလွှဲလိုက်သည်။
နိုင်ဂျယ်ကလည်း ဘာမှဝင်မပြော
ခပ်တည်တည်သာ။

"မောင်ရင်ပြောတဲ့ အပေးအယူကိစ္စလေး.."

"လောလိုက်တာ။..အရင်ဆုံး စားသောက်ပြီးမှပြောကြတာပေါ့။
အေးကုန်ရင် စားမကောင်းဘဲ ဖြစ်လိမ့်မယ်"

သူ့ရှေ့က တရုတ်မျက်နှာပေါက်နှင့် လူကြီး၏
စကားကို ရီမီဖြတ်ပြောလိုက်သည်။
အရမ်းလောတတ်တဲ့သူတွေကို သူသဘောမကျ။

"အာ..ဒါပေါ့ဗျာ၊ ဒါပေါ့။ ဒါဆို စားကြရအောင်လေ"

"ဟုတ်ကဲ့။ စားကြတာပေါ့"

ရီမီ့ရဲ့ ခွင့်ပြုချက်ရသွားသည်နှင့် ဦးမော်လင်းအောင်က
အားရပါးရစားတော့သည်။
ခပ်ဖိုင်ဖိုင် ခန္ဓာယ်ကိုယ်နှင့် လိုက်အောင်ပင်
အတော်လည်း စားနိုင်သူဖြစ်၏။
ရီမီက စားသည်ဆိုရုံသာ စားကာ
အလုပ်စကား စ,ဖို့ဟန်ပြင်သည်။

"ကျွန်တော်ပြောတဲ့ ကိစ္စကိုဘယ်လိုသဘောရလဲ"

"..သေချာ အသေးစိတ်လေး ပြန်ပြောပေးပါလား
မောင်နေ့လွန်းသစ်"

"နိုင်ဂျယ်.."

ရီမီက နိုင်ဂျယ်ကို ပြောလိုက်ပြီး သူနဲ့မဆိုင်သလို
အစားဆက်စားနေလိုက်သည်။

"ဟုတ်ကဲ့။..ဦးမော်လင်းအောင်က King Groupက
စည်းရုံးလို့ရသမျှ ရှယ်ယာရှင်တွေအားလုံးကို
စည်းရုံးပြီး ရှယ်ယာတွေကို ဝယ်ပေးရမှာပါ။
ဝယ်ရင်လည်း ဦးမော်လင်းအောင် နာမည်နဲ့ပဲ
ဝယ်ပါ။ ပိုက်ဆံကိစ္စအတွက်ကတော့ ကျွန်တော်တို့ဖက်က
အကုန်လုံး တာဝန်ယူမှာပါ"

ရီမီပြောခိုင်းလိုက်မှ နိုင်ဂျယ်ဆီမှ အသံကြည်ကြည်လေး ထွက်လာ၏။
ရီမီ အစား,စားရင်း ပြုံးလိုက်ပြီး ရေခဲတုံးဟူ၍ပင် ခပ်ချဥ်ချဥ် တွေးလိုက်မိသည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now