Chapter_48

3.6K 133 46
                                    


အချိန်တွေဟာ ပုံမှန်အတိုင်းပင် တရွေ့ရွေ့နှင့် ကုန်ဆုံးနေပြီး ယနေ့ဆိုလျှင် သူ့တို့ရဲ့ အဖိုးတန်
creationလေး လူ့လောကကို သူ့ရဲ့ကြွေးကြော်သံလေးနှင့်
နှုတ်ဆက်ရမယ့်ရက်ကိုပင် ရောက်ရှိလို့နေပြီဖြစ်သည်။

ထို့​ကြောင့် မနေ့ကကျရောက်သည့် လွန်းရဲ့ နှစ်ဆယ့်ခုနနှစ်ပြည့် .မွေးနေ့ကိုပင် တော်ဝင်တွေးထားသလို ပါတီလုပ်ပြီး သူ့ရဲ့အမျိုးသား ဖြစ်ကြောင်း စီးပွားရေးလောက တစ်ခုလုံးကို ချပြမည့် အစီအစဥ်ကို ဖြတ်ကာ
သူငယ်ချင်းတစ်စုနှင့်သာ အကျဥ်းချုံးလုပ်လိုက်ရပြီး
မိဘမဲ့ဂေဟာကို လူလွှတ်၍သာ လှူခိုင်းလိုက်ရသည်။
လွန်းက ထိုသို့အကျဥ်းချုံးနှင့်ပင် ပျော်၍ ကျေနပ်နိုင်သော်လည်း သူကတော့ သိပ်မကျေနပ်ပါချေ။ ထို့ကြောင့် ေနာက်နှစ်အတွက်သာ
တေးထားလိုက်ရ၏။

ယခုတွင်တော့ တော်ဝင်တို့နှစ်ယောက်အပြင် သူတို့ရဲ့
သူငယ်ချင်းတစ်စုနှင့် ဒယ်ဒီပါထိုင်းကိုရောက်နေပြီး
ခွဲခန်းရှေ့တွင် ထိုင်သူကထိုင်၊ ရပ်သူရပ်နှင့်
ကိုယ်စီစောင့်နေကြ၏။ ထို့ပြင် ထိုလူတွေထဲတွင်
မိုက်ခ်လည်းပါဝင်လေသည်။ မိုက်ခ်က ဆေးရုံမှဆင်းရပြီး ပြန်ကောင်းတာနဲ့ တော်ဝင်တို့ကိုနှုတ်ဆက်ကာ အတော်ကြာပစ်ထားမိတဲ့
ပြင်သစ်ကလုပ်ငန်းတွေဆီ ချက်ချင်းပြန်သွားပြီး
သားလေးမွေးတဲ့ရက်ကိုသိမှ ထိုင်းကိုလိုက်လာခြင်း ဖြစ်သည်။

စိတ်လှုပ်ရှားနေတဲ့လွန်းက လက်ဖျားတွေတုန်ယင်ကာ
အေးစက်နေတာကြောင့် တော်ဝင်က ထွေးဆုတ်ထားပေးထားသည်။ လွန်းကတော့ ဤသည်ကိုအာရုံမရှိဘဲ 'အင်္ဂုလိမာလသုတ်' ခပ်တိုးတိုးဖြင့် တတွတ်တွတ်ရွတ်ဆိုနေလေသည်။

"မောင်လည်း ရွတ်လေ"

"အာ..."

"မေ့သွားပြီလို့တော့ လာမပြောနဲ့။ ညတိုင်းအတူတူ
ကျက်ခဲ့တာကို"

"အင်းပါ။ မောင်မမေ့ပါဘူး။စိတ်ထဲက ရွတ်နေတာ "

လွန်းက ထိုသို့ဆိုတော့မှ ဘာမှဆက်မပြောတော့ဘဲ
ဘုရားစာကိုသာ အာရုံစိုက်နေတော့၏။

အရှက်မကွဲစေရန်အလို့ငှာ ဟန်ကို့ပြီး ပြောလိုက်သော်လည်း တော်ဝင်ဂါထာကို အဆုံးထိ
မမှတ်မိပါချေ။ သူစိတ်ထဲဆိုနေတဲ့ အလယ်ထိသာ
ရောက်သည့် ဂါထာပင် ကပျောက်ကခြောက်နှင့်
ဟိုရောက်ဒီရောက် ဖြစ်နေလေသည်။ ထိုအခြင်းအရာကို သူတစ်ယောက်တည်းသာ သိပါသော်ငြားလည်း နေရခက်စွာ လက်ဆစ်တွေ
ချိုးနေမိ၏။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now