Chapter_31

4.5K 152 4
                                    


"နေသန်!!!"

"ကျစ်!"

နေသန်က စိတ်ရှုပ်သလို စုပ်သပ်လိုက်ပြီး အိပ်ကတ်ထဲ ထည့်ထားသည့် လက်ကို ပြန်ရုတ်လိုက်ကာ လှည့်ကြည့်လာသည်။

"ရီမီ..၊ မင်းဘယ်လိုလိုက်လာတာလဲ"

"မင်းဘာစောက်ချိုး,ချိုးမလဲ ကြိုသိနေလို့လေ"

"ငါ့ကိစ္စကို မင်းအရင်ရှုပ်တာနော်၊ ငါမင်းကို တစ်ခုခု ပြန်လုပ်မှ ငါ့အဆိုးမဆိုနဲ့"

"မင်းသာ ငါ့လူတွေကို မထိရင်ငါလည်း ဘာမှရှုပ်နေစရာ
မလိုဘူး"

သူ့ရှေ့တွင် အချေအတင်ဖြစ်နေကြတဲ့ လူနှစ်ယောက်နဲ့
အနောက်တွင် မတားဘဲ ခပ်အေးအေးသာရပ်ကြည့်နေတဲ့
လူတစ်​ယောက်ကြောင့် လွန်းမှာ ဘာလုပ်ရမှန်းမသိ ဖြစ်လာတာကြောင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။

"အဟမ်း!"

"ဪ...ကိုကို"

"ဟမ်"

ဆယ်ကျော်သက် ကလေးရုပ်လေးနှင့် ကောင်လေးက
ကိုကိုဟု ခေါ်လာသည်ကြောင့် လွန်းအနည်းငယ် ကြောင်အသွားသည်။

"အဲ့လိုခေါ်လို့ရတယ်မလား"

"အာ..ရပါတယ်"

"ကျွန်တော်တို့နှစ်ယောက်နဲ့ ပြင်သစ်က အိမ်မှာ တွေ့ဖူးတယ်လေ၊ မှတ်မိတယ်မလား"

ရီမီက သူ့နောက်နားတွင် ရပ်နေသည့် နိုင်ဂျယ်ကိုပါ အနားဆွဲခေါ်လိုက်ရင်း ဆိုသည်။

"...ဪ..နေ့လွန်းသစ်နဲ့ ဟိုဟာက.."

"နေ့သစ်ရဲ့ အတွင်းရေးမှူးပါ။ နိုင်ဂျယ်လို့ခေါ်ပါတယ်"

နိုင်ဂျယ်က စကားဝင်ထောက်၍ မိတ်ဆက်တော့ လွန်းပြုံး၍
ခေါင်းညိတ်ပြလိုက်သည်။

"ကိုကိုက ကျွန်တော့်ကို မှတ်မိနေတော့ လေပေါ်တောင်တက်ချင်သွားတယ်"

လွန်းက နေရခက်သလိုပြုံးရင်း သူ့ကိုကျောပေးထားတဲ့
နေသန်ကို ကြည့်လိုက်သည်ကိုမြင်တော့ ရီမီက နေသန်ရဲ့ ပခုံးကို သိုင်းဖက်လိုက်သည်။

"ဟားဟား! သူက ကျွန်တော့်​သူငယ်ချင်းလေ၊ လိုဂန်နဲ့လည်း
ခင်တယ်။ ပြီးတော့..ခုနက ပြောတဲ့စကားတွေကို အတည်မမှတ်နဲ့နော် ကျွန်တော်တို့က စ,နေကြတာ"

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now