Chapter_40

4.7K 149 14
                                    


တော်ဝင် တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ဆေးရုံတွင် ဒဏ်ရာရထားတဲ့ အဖွဲ့သားများကြောင့် ဆရာဝန်တွေ ယောက်ယက်ခတ် နေကြသည်။ သို့သော် ကိုယ်ပိုင်ဆေးရုံမို့ လူတွေက အရမ်းတော့မရှုပ် အဖွဲ့သားတွေသာရှိပြီး အပြင်လူတစ်ယောက်ပင်မရှိ။

operating roomများထဲမှ တစ်ခုသောအခန်းရှေ့က ခုံတန်းပေါ်တွင် လွန်းထိုင်နေပြီး ခွဲခန်းတံခါးကို မျက်တောင်မခတ် ကြည့်နေမိသည်။ ကြည့်နေသော်လည်း မြင်ကွင်းဟာ လွန်းမျက်ဝန်းမှ အဆက်မပြတ် စီးကျနေသည့် မျက်ရည်တွေရဲ့ ပယောဂကြောင့် သိပ်ပြီးတော့ မပီပြင်ပါချေ။

"ဘာမှမဖြစ်လိုက်ပါနဲ့..."

မလှုပ်မယှက်ထိုင်နေသည့် လွန်းက ထိုစကားကို ထပ်ခါတလဲလဲ ခပ်တိုးတိုးရေရွှတ်နေသည်။

"လွန်း..."

အသံနှင့်အတူ ပခုံးပေါ်သို့ လက်တစ်ဖက်က နှစ်သိမ့်သလို
ကျရောက်လာသည်။

"...အစ်ကိုသူရိန်"

လွန်းက မော့ကြည့် ၍ဆိုလာသည်။ လွန်းက ငိုနေတာမဟုတ်ပါဘဲ မျက်ရည်တွေက အဆက်မပြတ် စီးကျနေတာ ဖြစ်သည်။

"အဆင်ပြေသွားမှာ လွန်း"

"ကျွန်တော့်ကြောင့်...ကျွန်တော့်ကြောင့်ဖြစ်တာ... ကျွန်တော်က..."

လွန်းအသံက ရှိုက်သံတွေနှင့် ရောစပ်နေပြီး တိုးဖွလွန်းတာကြောင့် သူရိန်သေချာအားစိုက်၍ နားထောင်နေရသည်။

"အဲ့လိုမတွေးပါနဲ့၊ လွန်းကြောင့် မဟုတ်ပါဘူး။ အရမ်းအတွေး မလွန်နဲ့နော်.."

လွန်းက သူရိန်ဆီမှ အကြည့်လွှဲ၍ ခွဲခန်းတံခါးဆီ ပြန်စိုက်ကြည့်နေသည်။ နာရီပိုင်းလောက်ကြာသည်အထိ
ခွဲခန်းတံခါးက ပွင့်မလာသေးတာကြောင့် လွန်းပို၍ ဂနာမငြိမ် ဖြစ်လာသည်။

"သူရိန်..ငါ့ကို နည်းနည်းကူညီ"

အခုမှ ကုသမှုခံယူပြီး ထွက်လာပုံရတဲ့ အက်စတန်က ပြောလာသည်။

"လီယန်ဆီ ခဏလိုက်သွားပေး၊ ရဲတွေလာငြိနေလို့။ မင်းအဖိုးက မြို့တော်ဝန်မလား"
(ကျွန်းက ပစ်ခတ်မှုကို ရဲတွေသိပြီး လာရှုပ်တာပါ)

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now