Chapter_2 (Z)

520 11 0
                                    

လိုင်းကားပြတင်းပေါက်မှန်ကနေ မြင်နေရတဲ့ကောင်းကင်ကြီးက မှိုင်းညှို့နေပြီး ငိုချတော့မလို ဖြစ်နေသလို လွန်းလည်းငိုချင်နေ၏။
အကြောင်းမှာ ထိုသို့ရာသီဥတု မသာယာနေသည်မှာ
သူ့ဘဝနှင့် ထပ်တူကျနေသောကြောင့် ဖြစ်သည်။
သူဒီနေ့အလုပ်ပြုတ်လာပါ၏။
အတိအကျပြောရလျှင်
သူ့အပြစ်မရှိဘဲအလုပ်ပြုတ်လာပါသည်။

လွန်း အရင်နေ့တွေလို ထုံးစံအတိုင်း လိုင်းကားနဲ့အလုပ်ကိုလာခဲ့သည်။ ဝင်ဝင်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းက တော်တော်တော့အဆင်ပြေမနေ​ပေ။ အသက်ကြီးကြီးအဖွား တစ်ယောက်က ခေါင်းငုံ့ကာ မျက်ရည်တွေဝဲနေပြီး မိန်းကလေး တစ်ယောက်က လက်ညိုးထိုးပြီး ပြောဆိုနေခြင်း။

"ရှင့်ကိုကျွန်မပြောပြီးပြီနော်။ အခုချက်ချင်း ဒူးထောက်တောင်းပန်စမ်း!!မဟုတ်ရင်အလုပ်ထွက်"

"တောင်း..တောင်းပန်ပါတယ်..သမီးလေးရယ် အလုပ်တော့.."

"တိတ်စမ်း! သမီးဟုတ်လား။ရှင်အဆင့်နဲ့ ကျွန်မကိုအဲ့လိုခေါ်တယ်!"

အဖွားပြောနေတဲ့စကားကိုဖြတ် ပြောလိုက်ခြင်းပင်။
ထိုမိန်းကလေးရဲ့ မျက်နှာမှာ ဒေါသကြောင့် နီရဲနေသည်။
ထိုအချိန်အဖွားက ဒူးထောက်ဖို့ပြင်နေချိန်
အမြင်မတော်ရင် ဝင်ပြောလိုက်ရမှ ကျေနပ်တတ်သည့်
အကျင့်က ပေါ်လာပြီး ဝင်ပြောလိုက်မိသည်။

"အဖွားမလုပ်ပါနဲ့!"

လွန်းထိုအဖွားနားရောက်သွားပြီး
ဒေါသထွက်နေတဲ့ မိန်းကလေးဘက်လှည့်ကာ
ပြောလိုက်သည်။

"ဒီကအစ်မက ဘာများ မကျေနပ်တာလည်းမသိဘူး.."

"နင်ဘယ်ကအကောင်လဲ။ အဲ့အဖွားကြီးဘာလုပ်ခဲ့လဲ ၊နင်သိလို့လား!!"

လွန်းကစကားကို လေပြေအေးလေးနဲ့​ ပြောလိုက်ပေမဲ့ ထိုမိန်းကလေးကတော့ ဒေါသတကြီးတုံ့ပြန်လာသည်။

"ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ့်အဖွားအရွယ်လောက်ရှိတဲ့
သူကိုဒူးထောက်ခိုင်းတာကြီးကတော့
မဟုတ်သေးဘူးလေ"

"နင်ကဘာကောင်မို့လို့ ငါ့ကိုလာပြောနေရတာလဲ ဟမ်!!"

ခြူးမြင့်မိုရ်နွယ်တစ်ယောက် သူ့ကိုလာပြောနေတဲ့အရှေ့ကကောင်ရဲ့ ရင်ဖက်ကနာမည်ကတ်ကို ကြည့်လိုက်သည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now