ေတာ်ဝင်် တို့ လေယာဥ်ကွင်းကနေ အနီးနားက
ကော်ဖီဆိုင်ကို သွားလိုက်သည်။ ဆိုင်လေးက
တော်တော်သဘောကျစရာကောင်းသည်။
အပြင်မှာလောက်လည်းနေမပူတော့ သက်တောင့်သက်တာ ဖြစ်သွားသည်။"ဘာများသုံးဆောင်မလဲဗျ.."
"Black coffeeနှစ်ခွက်ပေး ညီလေး.."
စာပွဲထိုးကောင်လေးက လာမေးတာကြောင့်
တော်ဝင် အတွက်ပါ ရတုက မှာပေးလိုက်သည်။
စားပွဲထိုးလေးထွက်သွားမှ..."Bossဒီမှာပါ..bossစုံစမ်းခိုင်းထားတာတွေပါ.."
"အင်း.."
ရတုပေးတာကိုယူကြည့်လိုက်တော့ စာရွက်စာတမ်းနဲ့ ဓာတ်ပုံတစ်ချို့။
ဓာတ်ပုံကို အရမ်းကြည့်ချင်နေပေမဲ့ ဆန္ဒကို သိက္ခာနဲ့ထိန်း လိုက်ရသည်။
"ငါခေါင်းနည်းနည်း ကိုက်နေလို့မကြည့်ချင်သေးဘူး
မင်းဘဲပြောပြ။ ပုံတွေလည်း နောက်မှကြည့်မယ်...""ဟုတ်ကဲ့.boss၊ ကောင်လေးနာမည်က လွန်းလေပြေသွင်လို့ခေါ်ပါတယ် အသက်က ၂၆ပါ မိဘတွေကတော့ အမေပဲရှိပြီး ပထွေးနဲ့ပါ၊ ပြီးတော့..."
"အဲ့ပထွေးနဲ့ အတူတူနေတာလား သူက!"
ပြောတာကိုတောင် ဆုံးအောင်နားမထောင်ဘဲ
ထအော်တဲ့ ေတာ်ဝင်ကြောင့် ဘေးဝိုင်းက လူတွေပါလှည့်လာကြတော့သည်။
အဲ့ဒါများ စိတ်မဝင်စားချင် ဟန်ဆောင်နေသေးသည်ဟူ၍
ရတုစိတ်ထဲတွင်သာ အော်ပြောလိုက်မိသည်။"စိတ်လျှော့ပါအုံး boss မစိုးရိမ်ပါနဲ့။ သူက
သူ့ သူငယ်ချင်းတွေနဲ့ အတူတူနေတာပါ..."ရတု ထိုသို့ပြောလိုက်မှ သူ့ကိုယ်သူ သတိထားမိသွားကာ
ခပ်အမ်းအမ်းပင်ဖြစ်သွားသည်။ သူဘာဖြစ်လို့အဲ့လိုဖြစ်သွားလည်းနားမလည်။
ဒီကောင်လေးကို စိတ်ဝင်စားနေတာများလား..fuck..ဘာတွေစဥ်းစားနေမိသည်လဲ။ မဖြစ်နိုင်ပေ၊ အခုထိရုပ်တောင် မမြင်ဖူးပါဘဲနဲ့။ ထို့ပြင် ကိုယ်က gayမှမဟုတ်တာ။. ထင်ရှားတော်ဝင်မောင်..
မင်း နေအရမ်းပူလို့ ခေါင်းကိုက်ပြီးတွေးမိတာပါ
ဟုတ်တယ်၊..ခေါင်းကိုက်လို့တွေးမိတာဟု
သူ့ကိုယ်သူ ပြန်ပြီးအားပေးနေရသည်။
YOU ARE READING
မောင့်၏...တစ်ဦးဆိုင်နာမ်(completed) မ်ေမာင့္၏...တစ္ဦးဆိုင္နာမ္
Romance"မင်းသာမရှိရင် ဘဝကြီးက ဆေးလိပ်တစ်လိပ်ကို မီးမညှိပဲ နှုတ်ခမ်းကြားထဲ ညှပ်ထားရသလိုဘဲ မပြည့်စုံသလို အဓိပ္ပါယ်လည်းမရှိဘူး" ------ ထင်ရှားတော်ဝင်မောင် × လွန်းလေပြေသွင် Green flag seme × normal Uke start date-10/12/2023 End date_12/6/2024 •••••• A/N: poss...