Chapter_6

9.4K 382 0
                                    


လွန်း အိမ်ကိုရောက်တော့ ကြယ်ရောင်တို့က
ကြယ်ရောင်တို့က ပြန်ရောက်နေနှင့်လို့
ထမင်းဟင်းတွေပင် ချက်ပြုတ်ပြီးနေပြီဖြစ်သည်။

"လွန်း..ပြန်လာပြီလား။ ရေချိုးတော့ ထမင်းစားမယ်။
ခွန်းလည်း ရေချိုးနေတာ"

"တော်ပြီ ငါမစားတော့ဘူး၊ အိပ်ချင်နေပြီ"

​ကြယ်ရောင်က ထမင်းစားဖို့ခေါ်ပေမဲ့ လွန်း ငြင်းလိုက်သည်။
သူတကယ်ပင်ပန်းနေတာပင်။ စားပွဲထိုးဖြစ်သဖြင့် တစ်နေကုန် မထိုင်ရ။ ထို့ပြင် ဆိုင်လည်း သန့်ရှင်းရေးလည်း လုပ်ရသေးသည်။
အဲ့လို အလုပ်တွေ လုပ်ခဲ့ပေမဲ့ မလုပ်တာကြာလို့လားမသိ
တကယ်မလုပ်နိုင်။

"ဘာလို့လဲ။ နေမကောင်းလို့လား"

"မဟုတ်ဘူး။ ငါနည်းနည်းပင်ပန်းနေလို့ပါ "

"ပင်ပန်းရင် အလုပ်ထွက်လိုက်ကွာ။ မင်းတစ်ယောက်စာတော့ ငါတို့ကျွေးနိုင်တယ်"

ကြယ်ရောင်တို့နဲ့ လွန်းဆိုတာ ဟိုးငယ်ငယ်ထဲက ခင်ခဲ့တာကြောင့် သူငယ်ချင်းဆိုတာထက်
မိသားစုလိုပင်။

ကြယ်ရောင်နဲ့ ခွန်းဦးတို့ရဲ့ အလုပ်မှာ ဝင်လုပ်ချင်ပေမဲ့
ထိုအလုပ်မှာ သူနဲ့မကိုက်။ ဘာလို့ဆို သူတို့အလုပ်က
ခရီးသွားလုပ်ငန်းဖြစ်တာကြောင့် ခဏခဏ
ခရီးထွက်ရတာဖြစ်သည်။
လွန်းက ခရီးသွားရတာ သိပ်ပြီးအဆင်မပြေသောကြောင့်ပင်။

￸"ဘာမှမဖြစ်ပါဘူး။ ငါအိပ်ချင်နေလို့ပါ။
နိုးလာရင် စားလိုက်ပါ့မယ်"

"ဟုတ်ပြီ။ ဒါဆို သွားနားတော့။"

"အင်း"

လွန်းထွက်သွားမှ ကြယ်ရောင် သက်ပြင်းတစ်ချက် ရှိုက်မိသည်။ လွန်းကြည့်ရတာ အရမ်းပင်ပန်းနေတဲ့
ပုံမှာ သိသာလွန်းသည်။
နွမ်းနယ်နေတဲ့ မျက်နှာလေးက ညှိုးနွယ်နေတဲ့
ပန်းပွင့်လေးတစ်ခုလိုပင်။

လွန်းအခန်းထဲရောက်တော့ နားချင်ပေမဲ့
ချွေးတွေနဲ့ စေးကပ်ကပ်ဖြစ်နေတဲ့ ခန္ဓာယ်ကိုယ်ကြောင့် ရေသာ အရင်ချိုးလိုက်သည်။

ရေကိုခပ်မြန်မြန်ချိုး၍ တီရှပ်အဖြူအပါးလေး
တစ်ထည်နဲ့ အပြာရောင် ဘောင်းဘီတို
တစ်ထည်ကိုသာ ပေါ့ပေါ့ပါးပါး လဲလိုက်သည်။
ထို့နောက် တစ်ယောက်အိပ်ကုတင်ဘေးမှာရှိတဲ့
အံဆွဲထဲက ဆေးထုတ်ကိုယူ၍ ဒေါက်တာ သောက်ခိုင်းအတိုင်း သောက်လိုက်ကာ
အိပ်ရန်ပြင်သည်။ ဒီနေ့တော့ နွားနို့လည်း မသောက်နိုင်တော့ပါချေ။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now