Chapter_18

6.1K 235 11
                                    


social mediaပေါ်တွင် တောမီးသဖွယ်
ပျံလွှင့်နေသည့် သတင်းသုံးခုကြောင့်
စီးပွားရေးလောကတစ်ခုလုံး ဂရက်ထနေကြ၏။
ပထမသတင်းက King Groupရဲ့ CEOနဲ့
အတွင်းရေးမှူးရဲ့ အချစ်ဇာတ်လမ်း..
ဒုတိယသတင်းကတော့ King Groupက
officialကြောငြာထားသည့် အတွင်းရေးမှူးဖြစ်သူနဲ့
ဘာမှမဆိုင်ကြောင်း၊ အတွင်းရေးမှူးနှင့်
projectအသစ်အောင်မြင်တဲ့ အတွက်
အရက်သောက်ကြခြင်းဖြစ်ပြီး
သောက်ရင်းစားရင်း မူးပြီး ဟော်တယ်တွင်
ရိုးရိုးသားသား ဝင်အိပ်ခဲ့ကြောင်းဖြစ်သည်။
ထိုမျှထိ ပြဿနာကမကြီးသေးပေ။ သို့သော်
နောက်ထပ် pageတစ်ခုက တက်လာသည့်
သတင်းကြောင့် ဤကဲ့သို့ ပြဿနာကြီးနေကြခြင်း
ဖြစ်သည်။ ထိုသည်မှာ...
အတွင်းရေးမှူးဖြစ်သူ လွန်းလေပြေသွင်က
King Group CEO ထင်ရှားတော်ဝင်မောင်ကို
နာမည်ကြီးမော်ဒယ် ဝတ်ရည်ချိုဆီမှ လုယူ
မြူစွယ်သည်ဟူ၍ လွန်းနာမည်နှင့်ပါ,ပါလာခြင်းကြောင့်
ဖြစ်၏။
ထိုသတင်းသည် စီးပွားရေးလောက သာမက
ဝတ်ရည်ချို၏fandomတစ်ခွင်ကိုပါ
ဂရက်ထစေသည်။

ဝတ်ရည်ချို၏ fanတွေက လွန်းကို လုံးဝ
မကျေနပ်ကြပေ။ ထိုအချိန်တွင် ဝတ်ရည်ချို၏
instagramတွင် တင်ထားသည့်
post တစ်ခုကြောင့် သူတို့၏ ဒေါသတွေကို
လောင်စာဆီ ထပ်ဖြည့်ပေးလိုက်သည့်နှယ်။

ထိုpostတွင် အသည်းနှလုံး တစ်ခုကို
ဆုတ်ဖြဲခံလိုက်ရသည့် ပုံနှင့်ဖြစ်သည့်အပြင်
ဤကဲ့သို့ ဂရုဏာသက်ချင်စရာ
ကပ်ပရှင်မျိုးလည်း ရေးထားသေးသည်။

||ရင်ခုန်လားတဲ့။ အင်း..အရင်တုန်းကပေါ့..
အခုတော့မခုန်တော့ဘူး။ ဘာလို့ဆို အသည်းနင့်အောင်
ချစ်ရတဲ့သူက တတိယလူနောက်ကို လွယ်လွယ်နဲ့လိုက်သွားနေ့ထဲက
ကျွန်မနှလုံးသားက ဆုပ်ဖြဲခံလိုက်ရတာမို့ ရင်မခုန်တတ်တော့တာ ကြာပေါ့။||

ထိုသို့တင်ပြီးထဲက လွန်းကို ဝေဖန်ပြောဆိုသူတွေက
ပိုများလာပြီး ဝတ်ရည်ချိုရဲ့fan pageတစ်ချို့တွင်ပင်
လွန်းကို postတင်ပြီးပါ ဝေဖန်ပြောဆိုကြလာသည်အထိပင်။

"ဝတ်ရည် နင်ဘာလို့ အဲ့လိုpostတင်လိုက်တာလဲ"

"အဲ့ကောင်လေးကို ကြည့်မရလို့"

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now