မတူညီသောအစေခံများ

5.5K 820 9
                                    

အပိုင်း (၁၅၈) မတူညီသောအစေခံများ

တကယ်တော့ ထိုညတွင် ပိုင်လီက လဲ့ရှီနဲ့ရှောင်ရုံဟွာအကြောင်း မေးခဲ့သေးသည်။

နေ့ခင်းက ပိုင်လီထွက်သွားပြီးနောက် အဖြစ်ပျက်ကို ပြန်ပြောရမယ်ဆိုရင် လဲ့ရှီနဲ့ရှောင်ရုံဟွာက ရှောင်ဟန်အတွက် ဝတ်စုံကူရွေးပေးမည်ဟု အတင်းပြောကာ ရှောင်ဟန်၏ဝတ်စုံများနှင့် မချုပ်ရသေးသောအထည်များကိုပင် ကြည့်ရှုခဲ့ကျ၏။

သူမတို့က အထည်တွေနဲ့ လက်ဝတ်ရတနာတွေကို အားရအောင်ကြည့်အပြီးမှာ အရင်ဆုံး ရှောင်ဟန်အတွက်ဆိုပြီး ခဲရောင်ဝတ်စုံတစ်ခုကို ရွေးပေးခဲ့ကျလေသည်။

သူမတို့က ရှောင်ဟန်က အေးအေးဆေးဆေးနေတတ်သူမလို့ ထိုဝတ်စုံနဲ့ ဘယ်လိုလိုက်ကြောင်းကို အရမ်းမြှောက်ပင့် ပြောခဲ့ကျပါတယ်။ ဒါပေမယ့် သူမတို့ရွေးပေးတဲ့ဝတ်စုံက အိမ်အသစ်တတ်ပွဲလို နေ့မျိုးအတွက်ဆိုရင်တော့ မှေးမှိန်လွန်းနေတယ်လေ။

ပြီးတော့ သူမတို့က လက်ဝတ်ရတနာတွေကို အရမ်းကြီးမဝတ်ဖို့ သတိပေးခဲ့သေးပြီး အဲတာက အရမ်းကြွားသလို ဖြစ်နေလိမ့်မယ်တဲ့။ ရှောင်ဟန်တို့က ခုမှကြွယ်ဝလာခါစမလို့ အရမ်းဝတ်စားပြနေရင် အမြင်ကပ်စရာ ဖြစ်နေလိမ့်မယ်တဲ့လေ။

အကယ်၍ ရှောင်ဟန်သာ သူမတို့စိတ်ရင်းတွေကို သိမထားပါက သူကဒီအကြံပေးစကားတွေကို အဟုတ်မှတ်ပြီး ကျေးဇူးတောင်တင်မိရင် တင်မိလိမ့်ဦးမည်။ အခုတော့ သူ့မှာ တိတ်ဆိတ်ခြင်းပဲရှိပါတော့တယ်။

သူက သူမတို့ပြောတာကို ငြိမ်နားထောင်နေခဲဲ့ပြီး သူမတို့အကြံပေးခဲ့တဲ့ အဝတ်စားနဲ့ လက်ဝတ်ရတနာတွေကို အဲဒီနေ့မှာဝတ်မယ့်ပုံနဲ့ ရှင်းလုကိုသွားသိမ်းခိုင်းခဲ့၏။

နောက်တော့ ထိုနှစ်ယောက်၏ စကားများကအကြောင်းရာတစ်ခုဘက်ကို တဖြေးဖြေး ဦးတည်လာပြီး အဲတာက သူမတို့၌ ဝတ်စရာဝတ်စုံကောင်းကောင်းမရှိသဖြင့် ရှောင်ဟန်ထံက အထည်တချို့ငှားပေးဖို့ ပြောလာတာပါပင်။

ရှောင်ဟန်က ကောဖြစ်ပြီး သူမတို့က အမျိုးသမီးတွေဖြစ်တဲ့အတွက် ချုပ်ပြီးသားဝတ်စုံတွေကို ဝတ်မရတော့ မချုပ်ရသေးတဲ့အထည်သစ်တွေကို ငှားပေးဖို့ ပြောလာခဲ့ကျတာပါ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now