မုဆိုးကြီး၏ မူယာမာယာ

9.4K 854 20
                                    

အပိုင်း (၁၆၇) မုဆိုးကြီးမူယာမာယာ

ထို့နောက် ပိုင်လီသည် သူ့အိမ်ကအသေးလေးတွေ စိတ်ပြေစေရန် ၎င်းတို့နှင့်အတူ ခဏလောက် ပုံဆွဲတိုင်းဆော့ပေးခဲ့ရလေသည်။

အဲဒီနောက် ထိုကောင်စုတ်လေးတွေ အိပ်သွားတဲ့အချိန်မှာတော့ အချိန်က အတော်လေးကို ညဥ့်နက်လို့နေပါပြီ။

ပိုင်လီက သူတို့အခန်းကိုပြန်လာလာပြီး သူက မောပန်းစွာဖြင့် သူ့ဇနီးပေါင်ပေါ် ခေါင်းအုံးကာ လှဲချလိုက်ပြီး သူကညည်းတွားလိုက်သည်။

"မင်းပြော ကိုယ် အရမ်းများအိုနေပြီလားလို့ ကိုယ်အဲဒီကောင်စုတ်လေးတွေနဲ့ ကစားပေးရတိုင်း တစ်နေ့တခြား ပိုပိုပင်ပန်းလာတယ်လို့ ခံစားရတယ်လေ"

ဒါကိုကြားတော့ ရှောင်ဟန်က ပြုံးလိုက်မိ၏။ သူ့ခင်ပွန်းသာ ပင်ပန်းတတ်တယ်ဆိုရင် သူစိုးရိမ်မိတာက တခြားသူတွေဆို မလွယ်လောက်မှာကိုပါပဲ။

သို့သော် သူ့ခင်ပွန်းက ဤသို့ညည်းလာလေရာ သူကမျက်ကွယ်မပြုနိုင်ပါချေ။ အဲတာကြောင့် ရှောင်ဟန်က ပြောလိုက်ပါတယ်။

"မောနေတယ်ဆိုရင် ကျွန်တော်ခင်ဗျားအတွက် ရေနွေးငှဲ့ပေးထားတယ်လေ အခုလောက်ဆို သောက်ဖို့အဆင်ပြေလောက်ပြီ"

ပြောပြီးနောက် သူက သူ့ခင်ပွန်းထစေရန် ထူပင်ထူပေးလိုက်သေး၏။ ပိုင်လီကမူ သူ့ဇနီးလေး သူ့အတွက်ငှဲ့ပေးထားသည့် ရေနွေးကိုသောက်ပြီးနောက် ယခင်ပုံစံအတိုင်း ပြန်လှဲလိုက်လေသည်။

ပြီးတော့ သူကပြောလိုက်ပါတယ်။

"ဘယ်လိုလဲ ကိုယ်တို့ဆုသွားတောင်းဖို့ ကျောင်းတစ်ကျောင်းရှိသေးတယ် သွားချင်သေးလား"

ထိုကြောင်းကတော့ ပိုင်အမေ ညွှန်းပေးထားတာဖြစ်ပြီး ဘာပြဿနာမှမရှိတာ အသေချာပါပင်။

ပိုင်လီက အကယ်၍ သူ့ဇနီးလေးကသာ သွားချင်စိတ်ရှိနေမြဲဆိုရင် သူကလိုက်ပို့မှာပါ။ သူ့အနေနဲ့ သူ့ဇနီးလေးက ဘုန်းကြီးကျောင်းတွေကိုသွားဖို့ မကြောက်သွားတာနဲ့တင် ပျော်သင့်နေပြီမလို့လေ။

ရှောင်ဟန်က ဒါကိုကြားတော့ ချက်ခြင်းပြန်မဖြေနိုင်သေးဘဲ စဥ်းစားခန်းဝင်နေလေသည်။ တကယ်တော့ သူကြုံတွေ့ခဲ့ရတဲ့ စိတ်ပင်ပန်းမှုက သေးတော့မသေးပါဘူး။ သူ့အနေနဲ့ ဒီစိတ်ထိုင်းမှိုင်းမှုကနေ ပြန်ပြေလည်ဖို့ဆိုရင် အချိန်အနည်းငယ်လောက်တော့ လိုနေပေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝDonde viven las historias. Descúbrelo ahora