မုဆိုးကြီး၏အကြံ

8.4K 902 9
                                    

အပိုင်း (၁၆၃) မုဆိုးကြီး၏အကြံ

"သခင်! မြန်မြန် နှာခေါင်းကိုပိတ်ထားလိုက်ပါ ဒီအမွှေးတိုင်မှာ မကောင်းတာတွေပါနေတယ်!"

ကျူးလင်၏ ထိုသို့ပြောလာမှုက အကုန်လုံးကို လန့်သွားစေခဲ့၏။

အမှန်ပင် လန့်သွားသူတွေထဲမှာ ပိုင်လီနဲ့ဖုပင်းတို့ရော ပါဝင်ခဲ့ကျပြီး ဘာကြောင့်ဆို သူတို့အစီစဥ်အရ ထိုစကားများကိုပြောလာရမည့်သူမှာ ဖုပင်းဖြစ်နေလို့ပင်။

ပိုင်လီက လဲ့ရှီ ဒီကျောင်းနာမည်ကို ထုတ်ပြောခဲ့ကတည်းက သူက ဖုပင်းကို ဒီကျောင်းနဲ့ ရှောင်မိသားစုကြားမှာ ဘာတွေရှိလဲဆိုတာကို စုံစမ်းခိုင်းပြီးသာပါ။

ဒါပေါ့ ပိုင်လီက လူတစ်ယောပ်ကို လွယ်လွယ်နှင့်တော့ မယုံပါချေ။ သူက ဖုပင်းကို စုံစမ်းခိုင်းထားပြီး သူကလည်း သူ့နည်းသူ့ဟန်နဲ့ လဲ့ရှီနဲ့ရှောင်အိမ်တို့၏ ခြေလှမ်းတွေကို လိုက်ကြည့်ထား၍ ဒါမှသာ ဖုပင်းက သူ့ကို အမှန်ပြန်ပြောမပြော သိရမည့်အပြင် သူကိုယ်တိုင်လည်း လှုပ်ရှားထားမှ စိတ်ချရမည် ဖြစ်သောကြောင့်ပင်ဖြစ်၏။

အမှန်တိုင်းပြောရင် ပိုင်လီက ရှောင်မိသားစုကို အရမ်းမျက်စိရှုပ်နေပြီး သူနဲ့သူ့မိသားစုရဲ့ မြင်ကွင်းထဲကနေ ထွက်သွားစေချင်နေတယ်။ ဒါပေမယ့် ဒီအတွက် ရှောင်အိမ်က လုံလောက်တဲ့ကျူးလွန်တစ်ခု လုပ်လာမည့်အချိန်ကို စောင့်ဖမ်းနေရပြီး အဲတာကသူ့ကို အရမ်စိတ်မရှည်ဖြစ်စေတာကြောင့် သူက အခွင့်ရေးရတာနဲ့ အဲဒီမိသားစုကို အဝေးမောင်းထုတ်ဖို့ ဘယ်လိုလွဲချော်မှုကိုမှ ခွင့်ပြုနိုင်မည်မဟုတ်ပါချေ။

ဒါကြောင့် ရှင်းရှင်းလင်းလင်းပဲ ရှောင်မိသားစုက ဒီအမွေးတိုင်ကိစ္စ စီစဥ်ထားတာကို သူနဲ့ဖုပင်းက သိနေခဲ့တာပါ။ ဖုပင်းက သူ့ကို အမှန်တိုင်းပြောခဲ့သဖြင့် ပိုင်လီက ဖုပင်းကို အစီစဥ်ထဲထည့်သွင်းခဲ့ပြီး အမွှေးတိုင်ပေါ်လာပြီး အနံ့ထွက်လာသည်နှင့် ဖုပင်းကို ထိုသို့ပြောစေဖို့ ကြိုတင်ညှိနှိုင်းထားခဲ့ကျတာလည်းဖြစ်သည်။

ဒီတော့ အားလုံးခြုံငုံ့ပြီးပြောရရင် ဒါကိုသိထားတာက ပိုင်လီနဲ့ဖုပင်းတင်ပါဘဲ။ ဒါကို ကျူးလင်က ဖုပင်းနေရာမှာ ဝင်ပြောလာတော့ သူတို့ပါ လန့်သွားကျရတာဖြစ်ပြီး သို့သော် သူတို့မှာ ကျူးလင်ကို မေးနေရန်အချိန်မရှိခဲ့ပါချေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now