ရုံးတော်၏စီရင်ချက်-2

6.8K 707 25
                                    

အပိုင်း (၁၆၅) ရုံးတော်၏စီရင်ချက်-2

အမွှေးတိုင်တွေက မသန့်ရှင်းတာသေချာပြီး ပိုင်လီတို့ကို ပေးခဲ့သည့်ဘုန်းကြီးတုမှလည်း သူ့ကိုတစ်ယောက်ယောက်က ငွေပေးပြီး ပေးခိုင်းတာပါဟု ဝန်ခံထားခဲ့လေရာ ထိုနောက်ကွယ်က လူများကိုသိရဖို့သာ ကျန်တော့လေသည်။

ဒီအတွက်တော့ဘုန်းကြီးတုကရှောင်မိသားစုကိုလက်ညိုးထိုးထားပြီးရှောင်မိသားစုကတော့အတင်းငြင်းခုန်နေခဲ့ကျပါတယ်။

ဘုန်းကြီးတုဟန်ဆောင်ခဲ့သည့်လူမှာရှောင်မိသားစုကရုံးတော်တွင်တောင်အမှန်ဝန်မခံတာတွေ့တော့သူကပဲငွေလည်းမရ အပြစ်ဒဏ်လည်းခံရဖြစ်တော့မည်ကိုကြောက်ရွံ့လာသဖြင့်သူကအော်ဟစ်လာလေတော့၏။

"လူကြီးမင်း! ဒီမိသားစုက ကျွန်တော့်ကို မမြင်ဖူးဘူးလို့ပြောနေတာ ကျွန်တော်တို့သာ တကယ် မသိရိုးမှန်ရင် ကျွန်တော်ကဘာလို့ နန်ချောင်းရွာက လူအများကြီးထဲကမှာမှ သူ့တို့ကို လက်ညိုးထိုးရမှာတဲ့လဲ!! သူတို့ရဲ့ အလိမ်ညာစကားတွေကို မယုံလိုက်ပါနဲ့.. အမှန်ကိုဖော်ထုတ်ပေးပါ!"

ဒါကိုကြားတော့ရှောင်မိသားစုကလည်းကြောက်လန့်ထကြားနဲ့ငြင်းလာတာပါပဲ။ လဲ့ရှီက...

"လူကြီးမင်း ရှောင်ဟန်ကလည်း ကျွန်မတို့ရှောင်အိမ်က သားပဲကို ကျွန်မတို့က ဘာလို့ သူ့ကိုဒုက္ခပေးရမှာတဲ့လဲ ဒီဘုန်းကြီးတုက သူအပြစ်ဒဏ်လျော့အောင်သာ တွေ့ရာလူကို ပြစ်မှတ်ထားပြီး စွပ်စွဲနေတာပါ မယုံလိုက်ပါနဲ့!!"

သူတို့က ဝန်မခံနိုင်ပါချေ။

မဟုတ်ဘူး။ အမှန်တရားက ပေါ်ပေါက်လာလို့ကိုမရဘူး။

တကယ်ဆို သူတို့စီစဥ်ထားတာက အရမ်းရိုးရှင်းပါသည်။ ဘုန်းကြီးတုရဲ့တာဝန်က အဲဒီကျောင်းမှာခဏသွားနေကာ ထိုကျောင်းက ဘုန်းကြီးဟန်ဆောင်ပြီး ရှောင်ဟန်လက်ထဲသို့ အမွှေးတိုင်တွေရောက်အောင် ထည့်ပေးလိုက်ရုံသာဖြစ်သည်။

ဒါဆို ရှောင်ဟန်က ကလေးရချင်စိတ်ကြောင့် သူ့အခန်းထဲမှာ အမွှေးတိုင်တွေကို ထွန်းမှာဖြစ်ပြီး ထိုသို့ဆိုလျှင် ရှောင်ဟန်က ကိုယ်ဝန်ထပ်မရှိနိုင် ဖြစ်လာလိမ့်မည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now