အပိုင်း (၁၆၁)

7.1K 898 12
                                    

အပိုင်း (၁၆၁) အိမ်တော်အသစ်တတ်ပွဲ-2

"သူတို့က..."

ဒါက ရှောင်မိသားစုအတွက်တော့ ထပ်မံ အရှက်ရမှုပါပင်။

ကြည့်လေ ဒီဧည့်သည်မိသားစုက ပိုင်လီတို့နဲ့ အရမ်းရင်းနှီးတဲ့ပုံပေါက်နေပြီး ပိုင်မိသားစုတစ်ခုလုံးနဲ့လည်း ရင်းနှီးကျွမ်းဝင်နေပေမယ့် သူတို့ကတော့ ခုမှတွေ့ဖူးကျတာလေ။ ဒါက ဘယ်လောက်တောင်မှ ရှောင်မိသားစုက ပိုင်လီတို့အတွက် အရေးမပါတာ သိသာလိုက်သလဲ။

သို့သော် သူတို့ ဘာတတ်နိုင်မည်လဲလေ။ အခွင့်မသာခင်ထိတော့ မကျေနပ်တာတွေကို ဖုံးဖိထားရုံပေါ့။

ပိုင်လီက ရှောင်မိသားစုရဲ့အတင်းဖိပြုံးနေရသောမျက်နှာတွေကိုကြည့်ကာ အနည်းငယ်ပင် စိတ်အခြေနေ ပိုကောင်းသွားသလိုပင်။ သူကချောင်မိသားစုကို ရှောင်မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ မိတ်ဆက်ပေးလိုက်ပါတယ်။

"သြော့.. ဒါက ရှောင်ဟန်ရဲ့အဖေနဲ့အမေလေ အကိုကြီးချောင်တို့နဲ့တော့ ခုမှတွေ့ဖူးတာဖြစ်မယ် ဦးလေးရှောင်နဲ့ဒေါ်လေးလဲ့ ဒါက ကျွန်တော့်မိတ်ဆွေ ချောင်မျိုးရိုးနဲ့သူ့ရဲ့ဇနီးပါ"

ဒါကိုကြားတော့ ချောင်ရန်နဲ့ဟုန်ရင်းက ရှောင်မိသားကို နှုတ်ဆက်လိုက်သော်လည်း သူတို့က ပိုင်လီနဲ့ရှောင်အိမ်ရဲ့ ယခင်ပြဿနာကို သိထားသူတွေဖြစ်လို့ စိတ်ထဲမှာတော့ ဒီမိသားစုကို ချက်ခြင်း မကောင်းမြင်သွားကျလေသည်။

ပြီးတော့ သူတို့က ပိုင်လီနဲ့ ရှောင်မိသားစု အဆင်ပြေသွားတာကို မသိသေးတာကြောင့် ဒီမိသားစုက ဘာလာလုပ်လဲဆိုတာပါ တွေးမိနေခဲ့ကျပါတယ်။

ရှောင်မိသားစုကလည်း အနည်းငယ် ကသိကအောက်ဖြစ်နေကျပြီး စကားတချို့ပြောအပြီးမှာ ဟုန်ရင်းက ပန်းပင်တွေကို ကြည့်ချင်နေတာကြောင့် ရှောင်ဟန်နဲ့အတူ ထွက်သွားလေသည်။

အဲဒီမှာ ရှောင်ရုံဟွာက သူမလည်း ပန်းပင်တွေကြည့်ချင်သည်ဟုဆိုပြီး လိုက်လာခဲ့ပါတယ်။

ဒါကြောင့် သုံးယောက်သားက ဥယျာဥ်ဆီကို ထွက်လာခဲ့ကျပြီး လမ်း၌ပင် ဟုန်ရင်းက လျောက်လမ်းတစ်လျောက် စိုက်ပျိုးပုံဖော်ထားသော အပင်တွေကိုကြည့်ပြီး ပြောလာခဲ့လေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now