အပိုင်း (၁၆၉)

8.7K 808 10
                                    

အပိုင်း (၁၆၉)ဇနီးလေးက ကျားယန်အကြောင်းတိုင်တန်းခြင်း

"အဲဒီအခါကျရင် မင်းတို့က အဲဒီပုရွက်ဆိတ်တွေကို မောင်းထုတ်ပေးဖို့လိုတယ်လေ အကယ်၍ မင်းတို့ကမောင်းမထုတ်နိုင်ဘူးဆိုရင် မင်းတို့ပါ အတုပ်ခံရနိုင်တယ်မဟုတ်လား အဲဒီတော့ မင်းတို့ ဒါကိုဘာပြောဦးမလဲ"

ဒါကိုနားထောင်အပြီးမှာ ရှင်းလုနဲ့ကျူးလင်က သူတို့သခင်ပြောချင်တာကို လုံးလုံးနားလည်သွားသလိုပါပင်။

သူတို့သခင်ပြောတာက သူတို့သာ အတိုက်ခိုက်ပညာမတတ်ထားရင် ပြဿနာတွေကြားမှာ ရောပြီးဒုက္ခရောက်နိုင်ပါတယ်တဲ့။ အဲလိုမဟုတ်လား။

ထို့ကြောင့် သူမတို့သည် အနည်းငယ်ကြောင်အမ်းအမ်းဖြစ်နေသေးသော်လည်း "နားလည်ပါပြီ"ဟုသာ ပြန်ပြောလိုက်နိုင်လေသည်။

ဒီအဖြေပြန်ရတော့ ပိုင်လီက ကျေနပ်သွား၍ သူက သူတို့နောက်နားမှာ ရှိနေခဲ့တဲ့ ဖုပင်းကိုခေါ်ကာ ပြောလိုက်တော့၏။

" ဒီကလေးမတွေကို မင်းလက်ထဲထည့်ပေးလိုက်ပြီ"

ဖုပင်းက စကားဝိုင်းအစဆုံးကို ကြားထားသူဖြစ်ရာ သူ့သခင်ရဲ့ဒီစကားက ဒီကောင်မလေးတွေကို အတိုက်ခိုက်ပညာသင်ပေးဖို့ရာက သူ့တာဝန်ဖြစ်သွားကြောင်း သိလိုက်ရလေသည်။

ဒါက ဆိုးတော့မဆိုးပါဘူး။

ပုံမှန်ဆို ဖုပင်းက ဒီမှာသိပ်လုပ်စရာမရှိလို့တစ်ခါတလေ ပျင်းရိနေတတ်တာဖြစ်ပြီး အခုတော့သူက ကစားစရာရသွားသည့် ကလေးတစ်ယောက်လိုပင် ပျော်ရွှင်သွားခဲ့တာပင်။

ကောင်းလိုက်တာ! သူကတခြားသူတွေရဲ့ဆရာသခင်ဖြစ်လာတော့မယ် ဟဟားဟား။

ရှင်းလုနှင့်ကျူးလင်မှာမူ သူမတို့သခင်စကားကြောင့် ထပ်မံအံသြသွားရပြန်ပြီး သူမတို့က သူမတို့ကိုသင်ကြားပေးမည့်လူက ဒီခြံစောင့်ကတုံးလေးဖြစ်နေမည်ဟု လုံးမမျှော်လင့်ထားကျတာကြောင့်ပင်ဖြစ်သည်။

မဟုတ်သေးပါဘူး။ ဒီကတုံးက ဘယ်မှာ အတိုက်ခိုက်ပညာ တတ်လို့လဲ။ သူက ခြေထောက်တစ်ဖက်တောင် မကောင်းဘူးလေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now