လဲ့ရှီ၏တိုက်တွန်းမှု

7.1K 774 13
                                    

အပိုင်း (၁၅၄) လဲ့ရှီ၏တိုက်တွန်းမှု

နောက်တော့ ပိုင်လီ၏ စပါးပင်များ စိုက်ပျိုးခြင်းစတင်ခဲ့၏။

တကယ်တော့ ပိုင်လီကလည်း အခုမှ စပါးကို စတင်စိုက်ပျိုးဖူးခြင်းဖြစ်သည်။ ကံကောင်းတာက မူလပိုင်လီကလည်း အမှိုက်ကောင်ဆိုတော့ စပါးစိုက်တာမျိုးမလုပ်ဖူးလို့ သူ့ရဲ့မလုပ်တတ် မကိုင်တတ်ပုံကသံသယပွားစရာ ဖြစ်မနေတာပါပဲ။

သို့ပေမယ့် ပိုင်လီက တတ်​မြှောက်လွယ်ပြီး ရှောင်ဟန်က သင်ပြပေးတာကြောင့် စပါးစိုက်တတ်လာခဲ့တယ်။

အိမ်း...အဝေးကနေကြည့်မယ်ဆိုရင်တော့ အဲဒီလယ်သူဌေးနဲ့ လယ်သူဌေးကတော်တို့ နှစ်ယောက်က စပါးစိုက်ရင်းနဲ့တောင် ချစ်ကြည်နူးနေတဲ့ စုံတွဲလိုပါပဲ။ လူတိုင်းက ဒါကို ရယ်မောရင်းနဲ့ တိုးတိုးတိတ်တိတ်ပြောခဲ့ကျပြီး ရှောင်မိသားစုကတော့ အနည်းငယ်မပျော်မရွှင်ဖြစ်နေကျရဲ့။

ဒီနေ့မှာ ရှောင်ရုံဟွာက အရမ်းကြိုးစားခဲ့တာ သိသာပြီး သူမက ပင်ပန်းလွန်းလို့ မူးလဲသွားတဲ့အထိပါပဲ။ သူမမေ့လဲကျသွားတာကြောင့် အနည်းငယ်ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားခဲ့ပေမယ့် လူတွေကတော့ ကျန်တဲ့နေ့တစ်ပိုင်းမှာ ရှောင်ရုံဟွာရဲ့ကြိုးစားမှုကို ပြောနေကျပြီး သူမက တကယ်ကြိုးစားတဲ့မိန်းမလှလေးလို့လည်း ရွာထဲမှာသတင်းတွေပြန်သွားသေးတယ်။

မဟုတ်သေးဘူး ရွာထဲတင်မဟုတ်ဘဲ တခြားရွာထဲတွေရောပေါ့လေ။

ဘာပဲဖြစ်ဖြစ် ပိုင်လီရဲ့ဆန်ချောများကို စတင်စိုက်ပျိူးခြင်းက ဆက်သွားခဲ့ပြီး နောက်နေ့မှာတော့ ပိုင်အမေနဲ့ရှောင်ဟန်တို့က လယ်ထဲသို့ မလိုက်ရရှာတော့ပေ။ အဲတာက တကယ်တော့ အဆင်ပြေပါတယ်။ ပိုင်အိမ်မှာ လက်ရှိ ကလေးငယ်တွေရှိနေပြီး သူတို့စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လေ။

မနက်ခင်းပိုင်းတွင် ပိုင်လီက သူ့အိမ်ကလယ်ကွက်တွေရဲ့ စပါးစိုက်ခြင်းကို ကြည့်ရှုဖို့ ထွက်သွားချိန်တွင် ရှောင်ဟန်က ပိုင်ကျန်း၏သားလေးကို ထိန်းပေးနေခဲ့လေသည်။ ပိုင်အမေက ပိုင်ကျန်း ဒုတိယအကြိမ်လက်ထပ်ဖို့ လုံးပမ်းနေရလို့လေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now