မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

6.6K 877 6
                                    

အပိုင်း (၁၅၁) မုဆိုးကြီး၏ ကတုံးလေးကို စမ်းသပ်မှု

ပိုင်လီက သူ့ရှေ့က ကတုံးနှင့်လူငယ်ကို သေချာကြည့်လိုက်မိလေသည်။ သူက ဒီကောင်လေးကို စကားပြောတတ်လောက်မယ်လို့ အစက ထင်ထားခဲ့ပေမယ့် ဒီအချိန်ထိ တစ်ခွန်းမှ အသံထွက်မလာတဲ့အခါမှာ တကယ်မပြောနိုင်တာ ဖြစ်လောက်မယ်လို့တောင် သံသယဝင်ခဲ့မိတာဖြစ်ပါတယ်။

အခုတော့ သူကြားလိုက်ရတာက ဘာလဲ။

အဲတော့ ဒီကတုံးက စကားပြောတတ်တယ်ပေါ့လေ။

ပိုင်လီကဘဖုပင်းကိုကြည့်ပြီး မျက်ခုံးပင့်လိုက်မိလေသည်။ သူက ဒီကောင်လေးက စကားပြောတက်နေလို့ နည်းနည်းအံသြသွားပေမယ့် အဲတာကို သိပ်ဂရုစိုက်နေတာမဟုတ်တဲ့အတွက် ဒီကြားထဲမှာ ဘာစကားမှမပြောတဲ့အပေါ် ဘာမှတော့ မပြောလိုပါဘူးး။

ဒါကြောင့် သူက အဲဒီ စကားပြောတတ်နေတယ်ဆိုတာကို လှစ်လျူရှုလိုက်ပြီး ပြောလာတဲ့အကြောင်းကိုသာ အာရုံစိုက်လိုက်ပါတယ်။

ဖုပင်းမေးလာတဲ့ မေးခွန်းအတွက်ကတော့ သူ့အဖြေက မရဘူးပဲ။

"မရဘူး မင်းအိမ်ဆောက်တာကို ကြည့်ထားလိုက်"

ခါတိုင်းဆိုလျှင် ဖူပင်းက အနည်းငယ် ပေကပ်ကပ်ပုံပေါက်နေပေမယ့် တကယ်တမ်းမှာ အလွန်နာခံတာဖြစ်သည်။ သူက ပိုင်လီပြောသမမျှကို ဘာမှပြန်မပြောခဲ့ဘူးလေ။

သို့သော် အခုမူတော့ထိုကောင်လေးက ပိုင်လီပြောတာကြားပြီးပြောလာ၏။

"အိမ်က အဆင်ပြေနေတာပဲကို.."

အိမ်တော်ဆောက်ရာတွင် ပါဝင်တဲ့ အလုပ်သမားတစ်ယောက်ချင်းစီအတွက် ပိုင်လီက ရက်ရောလွန်းသဖြင့် ပြဿနာဆိုတာ မရှိသလောက်ပင်။ အိမ်တော်ဆောက်ခြင်းက အဆင်ပြေပြေနဲ့ ဆက်သွားနေစဲပါပဲ။

ဒါကြောင့်ပဲ ဖုပင်းက ဆက်ပြောလိုက်လေတယ်။

"တောဝက်ကို အမဲလိုက်ဖို့သွားမှာဆိုရင် တကယ်ပဲတစ်ယောက်ထဲဖြစ်ပါမလား အဖော်လိုတယ် မဟုတ်ဘူးလား"

ဖုပင်းအပါဝင် ပိုင်လီဝယ်လာသော မိန်းကလေးလေးယောက်သည် ယခုလက်ရှိ၌ သူတို့မိသားစုနှင့် ဖြေးဖြေးချင်း အသားကျလာပြီဟု ဆိုသော်လည်း အသေးစိတ် သိမထားသည်များတော့ ရှိနေသေးသည်ပင်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now