ရုံးတော်၏စီရင်ချက်

6.1K 752 10
                                    

အပိုင်း (၁၆၄) ရုံးတော်၏စီရင်ချက်

ပိုင်စန်းက အမြဲတမ်း စကားနားထောင်တဲ့ ကောင်လေးပါပဲ။ သူက ပိုင်လီပြောတာကြားတာနှင့် ရှောင်အိမ်ကိုပြေးသွားပြီး ရှောင်မိသားစုကို ခေါ်ချလာလေသည်။ ဒါပေါ့ ပိုင်စန်းက သဘောပေါက်နှေးသူ ဖြစ်နေသဖြင့် သူက ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်ဘဲ ရှောင်မိသားစုကို အရေးကြီးကိစ္စဟုပဲပြောကာ ခေါ်လာခဲ့လေသည်။

ဒါကြောင့် ရှောင်မိသားစုက ဘာမှရေရေရာရာမသိဘဲ လိုက်လာရပြီး သူတို့က ကြိုးတုပ်ခံထားရတဲ့ ဘုန်းကြီးတုကိုမြင်ချိန်မှာ ဟန်မဆောင်နိုင်လောက်အောင်ကို ထိတ်လန့်သွားကျတော့၏။

ဘုန်းကြီးတုကလည်း လဲ့ရှီနှင့် ရှောင်မိသားစုကို မြင်လျှင် ပါးစပ်ပိတ်ခံထားရသည့်​ကြားမှ ဝူးဝူးဝါးဝါးအော်ဟစ်လာသဖြင့် ဖုပင်းက ပါးစပ်ထဲက အဝတ်ကိုထုတ်ပေးလိုက်ရာ...

"သူတို့ပဲ! သူတို့ပဲ!! ငါ့ကို အမွှေးတိုင်တွေ မင်းတို့ကိုပေးခိုင်းတာ! သူတို့ဆိုတာ ငါကျိန်ပြောရဲတယ်!!!"

ရှောင်မိသားစုသည် ထိုလူ အဖမ်းခံထားရသည်ကိုမြင်ထဲက ထိတ်လန့်နေကျပြီဖြစ်ရာ ထိုလူကညလူကြားထဲ၌ ဤသို့အော်လာလေရာ သူတို့က ချက်ခြင်းပင် ထွက်ပြေးချင်စိတ် ပေါက်သွားကျလေသည်။

ဒါပေမယ့် သတိအဝင်မြန်တဲ့ လဲ့ရှီကတော့ မျက်နှာကိုတင်းပြီး ပြန်အော်လိုက်ပါတယ်။

"ဘာတွေလာစွပ်စွဲနေတာလဲ! ငါတို့က နင်ဘယ်သူလဲဆိုတာတောင်မသိဘူးဟဲ့!!"

ဤသို့လဲ့ရှီရှေ့ကငြင်းလိုက်မှရှောင်မိသားစု၏အလန့်တကြားမျက်နှာတွေကအနည်းငယ်စီပြေလျော့လညကျပြီးသူတို့ကလဲ့ရှီစကားကိုနေုက်ကနေသံယောင်လိုက်ကာထောက်ခံလာကျလေသည်။

"ဟုတ်တယ် မင်းဘာတွေလာပြောနေတာလဲ"

"အမှန်ပဲ ငါတို့က သူဘာလို့ အဲလိုပြောလဲဆိုတာတောင် နားမလည်ဘူး"

ထိုသို့ သူတို့က ငြင်းဆန်လာကျသော်လည်း ရွာသားများမှာမူ သံသယဖြစ်နေကျပြီပင်။

ရွာသားတွေက ရှောင်မိသားစုကို မယုံသင်္ကါကြည့်ကိရင်းနဲ့...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝOù les histoires vivent. Découvrez maintenant