166

7.2K 813 3
                                    

အပိုင်း (၁၆၆) ရုံးတော်၏စီရင်ချက်-3

နောက်တော့ ရုံးတော်ငယ်သားတွေက ဘုန်းကြီးတု၏သားကို ခေါ်လာခဲ့ပြီး တရားသူကြီးက ဘုန်းကြီးတုပြောသည့်အတိုင်းပင် နေရာ၌ရှိနေသူအများကြီးထဲမှနေ ဘုန်းကြီးတုအိမ်သို့ လာတာတွေ့ဖူးသောလူကို ထိုကောင်လေးအား ရွေးခိုင်းလိုက်လေသည်။

ကောင်လေးက အစမှာတော့ ကြောက်နေသေးပေမယ့် သူက ဒီမှာ သူ့အဖေလည်းရှိနေပြီး သူ့အဖေကိုယ်တိုင်က မကြောက်ဖို့နဲ့ အမှန်တိုင်းပြောလိုက်ဖို့တိုက်တွန်းလာသော် သူကလဲ့ရှီနဲ့ ရှောင်လျိုကိုလက်ညိုးထိုးပြခဲ့၏။

ထို့ကြောင့် အဖြေမူကား ရှင်းနေပေပြီ။

ဒီအချိန်မှာဆိုရင် ရှောင်မိသားစုတစ်ခုလုံးက သွေးပျက်သွားကျပြီး လဲ့ရှီဆို လဲတောင်ကျသွားခဲ့ပါတယ်။

အဲဒီမှာတစ်ချိန်လုံးတိတ်ဆိတ်နေခဲ့တဲ့ရှောင်ရုံဟွာကလဲကျသွားတဲ့သူမအမေကိုထိန်းထားရင်းနဲ့ပိုင်လီကိုခါးသီးစွာကြည့်ပြီးပြောလာခဲ့ရဲ့။

"ဘယ်လိုများဒီလိုလုပ်နိုင်ရတာလဲ! ကျွန်မတို့ ဒါကိုလုပ်ခဲ့တယ်ဆိုရင်တောင် အဲတာက ကျွန်မရှင့်ဘေးမှာ နေခွင့်ရချင်လို့ပဲလေ! ဒါပေမယ့် ရှင်ဘာလို့ ဒီလောက်တောင် နှလုံးသားမဲ့ရတာလဲ!!"

ပိုင်လီက ဒီစကားတွေကိုကြားချိန်မှာ အော်သာရယ်လိုက်ချင်၏။

နှလုံးသားမဲ့တယ်။

အဲတာက သူမတို့ကမှ မဟုတ်ဘူးလား။

ဘယ်လိုပဲနေနေ ရှောင်ဟန်က ရှောင်လျို၏သားအရင်းဖြစ်ပြီး သူမနှင့်ဆိုလျှင် အဖေတူအမေကွဲတော်စပ်သူသာဖြစ်သည်။ ဒါပေမယ့် သူတို့က ဒီလိုရှေးခေတ်မှာ သားယောင်္ကျားလေးမမွေးနိုင်ရင် ခင်ပွန်းသည်ရဲ့ စွန်ပစ်ခံရနိူင်လောက်တဲ့အထိ ဆိုးရွားတယ်ဆိုတာကို သိထားကျတာတောင် ဒီလိုလုပ်ခဲ့ကျသေးတယ်လေ။

အဲတာကမှ နှလုံးသားမဲ့တာ မဟုတ်ဘူးလား။

ဒါကြောင့် ပိုင်လီက ပထမဆုံးအနေနဲ့ သူ့မျက်နှာပေါ်မှာ ရွံရှာမှုကိုဖော်ပြလိုက်ပြီး ပြောလိုက်လေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now