အပိုင်း (168)

5K 605 5
                                    

အပိုင်း (၁၆၈) အစေခံမလေးများကို အတိုက်ခိုက်ပညာသင်ကြားစေခြင်း

နောက်တစ်နေ့မနက်တွက် ညတုန်းက မည်သို့အခြေပင်ရှိခဲ့ရှိခဲ့ ပိုင်လီနဲ့ရှောင်ဟန်က ပြန်အဆင်ပြေသွားတာချည်းပါပင်။

သူတို့က အသေးလေးတွေ နိုးလာကိုရော စောင့်ပြီးမနက်စာအတူစားအပြီးမှာ ပိုင်လီက ရှင်းလုနဲ့ကျူးလင်ကို ခေါ်လိုက်ပါတယ်။

ဒီနှစ်ယောက်နဲ့ပတ်သက်ပြီး သူ့မှာ လုပ်စရာတစ်ခုခုရှိတယ်။

ထိုကလေးမလေးတွေရောက်လာတော့ ပိုင်လီက ပြောလိုက်၏။

"မင်းတို့မှာ အဲလိုအရည်ချင်းရှိမှန်းမသိခဲ့ဘူး ဒီတစ်ခေါက်တော့ တော်တော်လေးကိုတော်တယ်"

သူက အရင်ချီးကျူးပေးလိုက်တာဖြစ်သည်။

ဒါကိုကြားတော့ ထိုကလေးမနှစ်ယောက်လုံးက သူတို့ကိုခေါ်ရတာက မကောင်းသည့်ကိစ္စမဟုတ်မှန်း ရိပိမိသွားလို့ သူတို့က ပျော်ရွှင်စွာနှင့်ပြောလာကျ၏။

"ဒီအစေတို့က မဖြစ်စလောက်လေးပဲ အကူညီပေးခဲ့ရတာမလို့ ချီးကျူးတာကိုမခံယူဝံ့ပါဘူး"

ပိုင်လီက မိန်းမငယ်လေးတွေကို သေချာကြည့်လိုက်၏။ နှစ်ယောက်လုံးက ဆယ်ကျော်သက်လေးတွေပဲ ရှိသေးပြီးတော့ သူတို့က ကလေးရုပ်လေးတွေတောင်မှ သိပ်ပျောက်ချင်ကျသေးတာ မဟုတ်ပါဘူး။

ပိုင်လီက ဝေ့ဝိုက်နေရတာကို သဘောမကျပေ။ ဒါကြောင့် သူက လိုရင်းကို တန်းသွားလိုက်ပါတယ်။

"ငါအရင်က မင်းတို့ကို ငါတို့အိမ်က အသေးလေးတွေနား ထားတယ်ဆိုတာ ကစားဖော်ရဖို့နဲ့ သူတို့ကို ကူစောင့်ရှောက်ပေးဖို့ အဖော်ရရုံလောက်ပဲ မင်းတို့အရွယ်ရောက်လာလို့ ထွက်သွားချင်တဲ့အခါ ငါတို့ကတားနေမှာမဟုတ်ဘူး ဒါပေမယ့် အခုတော့ ငါတို့သေချာစဥ်းစားဖို့ လိုလာပြီလို့ထင်တယ် မင်းတို့ရော ငါတို့ရဲ့သဘောထားကိုသိအပြီးမှာ ဘယ်လိုလုပ်ချင်လဲ"

ဒါက အမှန်းတရားပင်။ ပိုင်လီက အစေခံတွေကို ငွေအကုန်ခံပြီး ဝယ်လာရတာဖြစ်လို့ သူက ဒီအတိုင်းတော့ မထားနိုင်ဘူး။ သို့သော် သူက သူတို့လုပ်အားခနှင့်တွက်ပေးပြီး အချိန်တစ်ခုရောက်သော် သူတို့၏အသက်စာချုပ်များကို ပြန်ပေးလိုက်မည်သာဖြစ်သည်။ ပြီးရင်တော့ ဆုံးဖြတ်ချက်က သူတို့သဘောအတိုင်းပါပဲ။ သူတို့က အိမ်တော်မှာ ဆက်နေချင်ရင်လည်း သူကလစာပေးပြီးထားမယ်။ ဒါမှမဟုတ် ထွက်သွားမယ်ဆိုရင်လည်း ပြောခဲ့သလို သဘောအတိုင်းပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now