အပိုင်း (၁၅၉)

5.7K 813 5
                                    

အပိုင်း (၁၅၉) မတူညီသောအစေခံများ-2

ကျားယန်က ရှောင်ဟန်က သူမကိုကြည့်လာတဲ့အခါ အနည်းငယ်တော့ ကြောက်သွားမိလေသည်။ သူမက အခုပဲ သူမကအစေခံဖြစ်ပြီး တစ်ဖက်က သခင်ဆိုတာကို ပြန်အမှတ်ရသွားတာပါ။

သို့သော် သူမကပြောပြီးပြီဖြစ်ရာ ရှောင်ဟန်ရဲ့အကြောင်းလည်းသိနေသဖြင့် ပေကပ်ကပ်ဖြင့်ဆက်ရပ်နေဖို့ဆုံးဖြတ်လိုက်သော်လည်း အသံတစ်သံကြောင့် အတွေးများ ပျောက်သွားရလေသည်။

အဲဒါကတော့ ပိုင်မိန်ရဲ့ အသံပါပဲ။

ပိုင်မိန်က အပြင်မှာလာနေရင်းနဲ့ မေးလာတာဖြစ်ပြီး...

"ဒုတိယယောင်းမ ယောင်းမအဲဒီမှာရှိလား"

အခု ရှောင်ဟန်က ပင်မခြံဝန်းထဲက နားနေဆောင်လေးမှာ ရှိနေတာဖြစ်ပြီး ပိုင်မိန်က သူ့ကို လိုက်ရှာနေပုံလည်းရသည်။ ပိုင်မိန်ရဲ့အသံကိုကြားတော့ ကျားယန်က လက်ရှိပြောနေတာကို လက်လျော့လိုက်ပါတယ်။ သူတို့က ပိုင်အိမ်မှာ ခဏသွားနေဖူးလို့ ပိုင်မိန်အကြောင်းကို သိတယ်လေ။

အဲဒီကောင်မလေးက သခင်မလေးရူး ရူးနေတာဖြစ်ပြီး သူမကသာ ဒီလိုပြောတာသိသွားရင် သူမကိုပါးရိုက်လာမှာတောင် ကြောက်ရတယ်မလား။

ဒါကြောင့် ကျားယန်က ပိုင်မိန်ဝင်မလာခင် အလျှင်မြန်ပင် ရှောင်ဟန်အား ပြောလိုက်လေသည်။

"သခင်မ ဒီအစေခံ မီးဖိုထဲမှာ ကြည့်စရာလေးရှိသေးလို့ သွားလိုက်ပါဦးမယ်"

ရှောင်ဟန်က ကျားယန် အပြေးတစ်ပိုင်းထွက်သွားတာကိုကြည့်ပြီး အနည်းငယ်ပြုံးလိုက်မိ၏။

ဟုတ်တယ်။ သူ့ခင်ပွန်းပြောတာက မှန်နေတာပဲ။

ကျားယန်နဲ့အဝင်အထွက်ဖြစ်သွားတဲ့ပိုင်မိန်းကတော့ရှောင်ဟန်ပြုံးနေတာကိုမြင်ပြီးသူမကဘေးမှာဝင်ထိုင်ကာမေးလိုက်လေသည်။

"ယောင်းမ ဘာတွေသဘောကျနေတာလဲသတင်းကောင်းရှိလို့လား"

အခုတလော ပိုင်အိမ်မှာ အနည်းငယ် အလုပ်ရှုပ်နေတော့ ပိုင်မိန်က သူမတို့ဆီ သိပ်မလာဖြစ်ဘဲ သူမရဲ့ခြံဝန်းလေးကိုတောင် တစ်ခေါက်ဘဲ လာကြည့်ရသေးတာဖြစ်သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now