တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4

18.7K 1.9K 31
                                    

အပိုင်း(၉) တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

"ဒီကညီလေး သုံးကျင်ကိုငွေငါးချောင်းက နည်းနည်းမများဘူးလား"

ပိုင်လီကို ဒီစကားကိုမျှော်လင့်ထားပြီးသားပင်။

တောကောင်အသားတွေကိုရောင်းတဲ့အခါ ခန့်မှန်း​ချေသတ်မှတ်ထားတဲ့ စျေးနူန်းရှိပေမယ့် ဒါကပုံသေတော့မဟုတ်ဘူး။ တောကောင်တွေက အသက်နဲ့ရင်းပြီးအမဲလိုက်ရတာဖြစ်တဲ့အတွက် ရောင်းသူရဲ့စကားအတိုင်းသာ စျေးသတ်မှတ်ရတာပင်။

ထို့ကြောင့် ပိုင်လီကအပြုံးလေးနှင့်ပြောလိုက်၏။

"ဒီကအကို အကို့ကိုကြည့်ရတာ ကုန်သည်ဖြစ်ရမယ် ကျွန်တော်အကို့ကိုမေးမယ် အကိုတောဝက်သားကိုနောက်ဆုံးစားခဲ့တာ ဘယ်အချိန်ကလဲ ကျွန်တော်မေးတာတောဝက်သားပဲနော်"

ထိုအခါ ထိုလူကအနည်းငယ်စဥ်းစားနေပြီး သိပ်မကြာခင် သူ၏မျက်နှာက အမူရာတစ်မျိုးပေါ်လာကာ...

"မမှတ်မိတော့ဘူး လေးနှစ်လား ငါးနှစ်လားဆိုတာ"

ဒါမှမဟုတ် ဒီထက်ပိုကြာတာလည်း ဖြစ်နိုင်တာပဲ။

စဥ်းစားကြည့်လို့ရနိုင်သည်။ နယ်တကာလှည့်နေတဲ့ ကုန်သည်တစ်ယောက်ကတောင် နှစ်များစွာကြာမှ တောဝက်သားကိုတစ်ခါစားခွင့်ရ၏။ ဒါက ဒီမှာတောဝက်သား ဘယ်လောက်ရှားလဲဆိုတာပါပဲ။

ထူထပ်တဲ့တောတောင်တွေထဲမှာ တောင်ကောင်ကြီးတွေအများပြားရှိတဲ့အပြင် ဒီခေတ်မှာက လက်နက်ကိရိယာကလည်း မဖွံဖြိုးသေးဘူး။ တော်ရုံလူက အသက်အန္တရှိတဲ့ မုဆိုးအလုပ်ကိုလုပ်ချင်မှာမဟုတ်ဘူးလေ။ ဒါကဘာကြောင့် အသားဒီလောက်ရှားရဆိုတာပါပဲ။

ပိုင်လီသည် ထိုလူ့အဖြေကြောင့် ဘာမှပြန်မပြောတော့ပဲ အပြုံးလေးနှင့်သာကြည့်နေလိုက်သည်။ ထိုလူကလည်း မတုံးလေရာ ပိုင်လီပြောချင်တာကိုသိလေ၏။ ထို့ကြောင့် ရယ်မောမိသွားပြီး...

"ကောင်းပြီ ဒီတောဝက်ကြီးတွေကိုကြည့်တာနဲ့ သတ်ဖို့မလွယ်မှန်း သိသာပါတယ် ငါကလည်း ပြောရုံပါကွာ တကယ်စျေးမဆစ်ရက်ပါဘူး ငါ့အတွက် ငွေဆယ့်ငါးချောင်းဖိုးချိန်လိုက်ပါ"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now