အပိုင်း (၁၂၄) ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
ပိုင်လီက မည်သည့်နည်းလမ်းမျိုးကို သုံးလိုက်သည်တော့မသိပေ။ ရှောင်ဝူလေးကို သန့်ရှင်းရေးလုပ်ပေးပြီးနောက် ပြန်ခေါ်လာချိန်တွင် ထိုကောင်လေးက ငြိမ်သွားပြီး သူ့အဖေကို ကပ်ချွဲနေတာကို တွေ့လိုက်ကျရတော့သည်။
အဲဒီနောက် သူတို့က မနက်စာကို အတူတကွ စားခဲ့ကျပြီး အပြင်သွားဖို့အတွက် အောက်ထပ်ဆင်းလာတဲ့အချိန်မှာ တခြားလူတွေကလည်း မြင်းရုပ်တွေအရောင်းထွက်ဖို့ ပြင်ဆင်နေခဲ့ကျပါပြီ။
ဆိပ်ကမ်းမြို့လိုနေရာမှာ ဒီလိုသစ်ဆန်းတဲ့ ကလေးကစားစရာမျိုးက အရောင်းသွက်တယ်ဆိုပေမယ့်လည်း တစ်ရက်ထဲနဲ့တော့ အကုန်မရောင်းနိုင်ခဲ့တာကြောင့် သူတို့တွေက ဒီနေ့ရော ထွက်ဖို့လိုနေပြီး ပိုင်လီက မြင်းရုပ်တွေရောင်းဖို့ကို ပိုင်ကျန်းနဲ့ပိုင်စန်း ရှိတာကြောင့် ပိုင်အဖေနဲ့ပိုင်ဝူကို သူတို့နဲ့လိုက်ခဲ့ဖို့ခေါ်ပေမယ့် ပိုင်အဖေသည် သူတို့နှင့်စျေးဝယ်ထွက်မည့်အစား မြင်းရုပ်တွေ ရောင်းတဲ့နေရာမှာ ကူညီဖို့သာ ပိုစိတ်ဝင်စားနေပေသည်။ ပိုင်ဝူကလည်း ထူးမခြားနားပါပဲ။ ဒါကြောင့် ပိုင်လီတို့က သူတို့ချည်းသာ ထွက်လာခဲ့ရတော့သည်။
ဆိပ်ကမ်းမြို့က နွေဦးအစမှာ လှုပ်ရှားအသက်ဝင်လျက်ရှိပြီး စည်းကားနေ၏။ အသေးလေးတွေက ဟိုဒီသွားလာနေတဲ့ မြည်းလှည်းမျိုးစုံကိုကြည့်ပြီး စိတ်ဝင်စားနေတာကြောင့် ပိုင်လီက မေးလိုက်သည်။
"တစ်ခုလောက်လိုချင်လား အဖေဝယ်ပေးရမလား"
ဒါကိုကြားတော့ ပိုင်မိန်အပါဝင် အသေးလေးများသည် အရမ်းတတ်ကြွသွားကျပြီး သူတို့ကအပြင်ဆင်နဲ့ အလှဆင်ထားတာမတူသည့် မြင်းလှည်းမျိုးစုံကို လိုက်ကြည့်လျက် သူတို့က မည်သည့်ပုံစံ လိုချင်ကြောင်းအား ပြောဆိုလာကျပေသည်။
ရှောင်ဝူက တစ်ခုကိုလက်ညိုးထိုးလျက်...
"အဲဒါ အဲဒါ သားက အဲလိုပုံလေးလိုချင်တယ်!"
ရှောင်ဖူသည် သူ့ညီလေးနှင့်အမြင်မတူဘဲ တခြားတစ်စီးကိုညွှန်ပြလျက်ဖြင့်...
YOU ARE READING