ဇနီးလေးစကားပဲနားထောင်မယ်

4.5K 586 18
                                    

အပိုင်း (၁၅၅) ဇနီးလေးစကားပဲနားထောင်မယ်

ရှောင်ဟန်က လဲ့ရှီကို သွားမည်ဟု ကတိမပေးလိုက်သော်လည်း သူကခေါင်းတော့ ငြိမ့်ပြလိုက်သည်ပင်။

ဒါကြောင့် လဲ့ရှီက ကျေနပ်သွားပြီး ခဏနေတော့ပြန်သွားခဲ့၏။

ရှောင်ဟန်က သူ့ခင်ပွန်း နေ့လည်စာပြန်စားချိန်ကျ လဲ့ရှီပြောခဲ့တာကို ပြန်ပြောလိုက်လေသည်။

အဲဒီအချိန်မှာ ပိုင်လီက နေ့လည်စာစားပြီးတော့ ရှောင်ဝူလေးရဲ့ လက်မှာ ညှောင့်ထိုးနေတယ်ဆိုတာကို ကြည့်ပေးနေခဲ့တာပါ။ ဒီကောင်လေးက အရမ်းဆော့လွန်းပြီး လျှောက်လျှောက်ကိုင်တတ်လွန်းလို့ ဒီလိုမကြာခဏ ဖြစ်တတ်တယ်လေ။ ဒါကြောင့် ရှင်းလုနဲ့ကျူးလင်တို့က သူလေးကို အမြဲစောင့်ကြည့်နေတတ်ပေမယ့် ဒီကောင်စုတ်လေးကတော့ လူလစ်တာနဲ့ အမြဲထင်ရာစိုင်းနေကျပါပဲ။

အဲဒါကြောင့် ပိုင်လီက ထိုကောင်လေး ညှောင့်ထိုးတိုင်း သူကိုယ်တိုင်ထုတ်ပေးလေ့ရှိပြီး အခုလည်း သူနဲ့ရှောင်ဖူလေးက ထိုကောင်စုတ်လေးရဲ့လက်က ညှောင့်လေးကို ထုတ်ပေးဖို့ကြိုးစားနေကျတုန်း သူ့ဇနီးလေးပြောတာကြားလိုက်ရတော့ သူကခဏရပ်လိုက်၍...

"သူမက သူမတို့နဲ့လိုက်ခဲ့ဖို့မပြောဘဲ ကိုယ်တိုင်သွားဖို့ပြောတာလား"

ရှောင်ဟန်က ခေါင်းငြိမ့်ပြလိုက်၏။ အစက သူလည်း လဲ့ရှီက သူတို့နဲ့သွားဖို့ ခေါ်မယ်လို့ထင်ထားပေမယ့် ကျောင်းနာမည် ပြောပြရုံသာဖြစ်ပြီး ကိုယ့်ဘာသာသွားခိုင်းတဲ့အခါ သူက အတော်လေးစိတ်အေးသွားခဲ့တာဖြစ်သည်။

ပိုင်လီက အဖြေကိုသိလိုက်ရတော့ ထူးမခြားနားပါပဲ။ သူက အနည်းငယ်စဥ်းစားလိုက်ပုံနဲ့...

"ဒါဆိုလည်းသွားလေ အမေပြောတဲ့ကျောင်းနဲ့ သူမပြောတဲ့ကျောင်း နှစ်ခုလုံးကိုသွားကျတာပေါ့ "

သူက များများဆုတောင်းတော့ မြန်မြန်ကလေးရတာပေါ့ဟု သူ့ဇနီးလေးကို ထပ်စချင်နေသေးသော်လည်း သူမပြောနိုင်ခင်မှာတင် အသံသေးလေးတစ်သံက အရင်ထွက်လာခဲ့သည်။

"အဖေ..သားကို မြန်မြန်လုပ်ပေးလို့မရဘူးလား သားအပြင်ထွက်ဆော့ချင်နေပြီလို့"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now