ဆန်ချောများစိုက်ဖို့ပြင်ဆင်ခြင်း

8.2K 955 22
                                    

အပိုင်း (၁၅၂) ဆန်ချောများစိုက်ဖို့​ပြင်ဆင်ခြင်း

ဖုပင်းမှာ ဤရလဒ်က မဖြစ်သင့်ဟု တော်တော်လေး ခံစားရသော်လည်း သူက အကြိမ်ကြိမ် ရိုက်နှက်ခံရပြီးဖြစ်ရာ ထပ်စမ်းသပ်စရာမလိုတော့မှန်းလည်း သိနေပေသည်။

ဒါက တကယ်ကြီးကို အံသြဖို့ကောင်းတာပဲ။လယ်သမားရွာက မုဆိုးတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့သခင်အသစ်က တိုက်ခိုက်စွမ်းရည် အတော်လေးမြင့်တဲ့သူ ဖြစ်နေတယ်။ ဒါပေမယ့် ဒီလောက်တော်နေတာကို သူကဘာလို့ လယ်သမားရွာမှာပဲနေပြီး မုဆိုးလိုလို လယ်သူဌေးလိုလို လုပ်နေရတာလဲ။

ဒါမှမဟုတ် သူက လျို့ဝှက်နေထိုင်နေတဲ့ညအထင်ကရပုဂ္ဂိုလ် တစ်ဦးဦးများလား။

ဤသို့ဖြင့် ဖုပင်းသည် သူ၏ဒဏ်ရာတွေကိုဘဂရုမစိုက်အားသေးဘဲ သူ၏ အံသြဖွယ်သခင်အသစ်အကြောင်းကို တွေးကြည့်နေခဲ့လေသည်။

အဲဒီအချိန်မှာပဲ ရှင်းလုနဲ့ကျူးလင်တို့က သူ့ကို ဆေးတွေလာပို့ပေးတာကို တွေ့လိုက်ရပါတယ်။

ပြောရမယ်ဆိုရင် ဒီမိသားစုက တော်တော်လေးကောင်းပါတယ်။ သူနဲ့သူ့သခင်အသစ်တို့ ဒဏ်ရာတွေရလာတဲ့အခါ သမားတော်ကို နှစ်ယောက်လုံးကိုဆေးကုခိုင်းခဲ့တယ်။ ဒီလို မခွဲခြားမှုကြီးက ကျွန်တွေအတွက်တော့ မျက်ရည်ဝဲလောက်စရာပဲ။

အခုလည်း ဒီအစေခံမလေးနှစ်ယောက်ကဘသူတိူ့ဘာသာ ဆေးတွေလာမပို့နိုင်လို့ သခင်မိသားစုထဲကတစ်ယောက်ယောက်က လာပို့ခိုင်းမှန်း အရမ်းသိသာတယ် မဟုတ်ဘူးလား။

ဖုပင်းက ထိုဆေးတွေကို တစ်ချက်ကြည့်ပြီး ဘာမှပြောမနေဘဲ ယူထားလိုက်တော့သည်။ သူက အမှန်လည်း စကားပြောရတာကို သိပ်မကြိုက်ပါဘူး။

နောက်တော့ သူသည် သူ့သခင်အသစ်ကြောင်းကို ဆက်လက်ခန့်မှန်းနေပြီး တစ်ဖက်က ပိုင်လီကလည်း အတူတူပင်ဖြစ်သည်။

ပိုင်လီကလည်း ဖုပင်းက ဘယ်လိုလူမျိုးဖြစ်လိမ့်မလဲကို တွေးကြည့်နေခဲ့ပါတယ်။ သူက ကျန်တာဂရုမစိုက်ပေမယ့် ဒီကောင်လေးကို အိမ်ထဲထားတာက သူ့မိသားစုကို အန္တာရယ်ဖြစ်စေမလားကို သေချာချင့်ချိန်ရမယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now