အပိုင်း (၁၅၇)

6.1K 791 6
                                    

အပိုင်း (၁၅၇) မုဆိုးကြီး၏ အပင်တူးခရီး-2

သို့သော် ဖုပင်းကလည်း အပင်တွေစိုက်ရတာကိုသဘောကျလာပြီဖြစ်၍ သူက အထူးကန့်ကွက်ခြင်းတော့ မလုပ်တော့ပါချေ။

သူအံသြတာက ပိုင်လီရဲ့စိတ်ကိုပါ။ ဒီလူက ဒီလိုအန္တာရယ်များတဲ့ တောနက်ထဲကို ပန်းပင်တွေအတွက်ချည်း လာချင်ခဲ့တာက အံသြစရာမကောင်းဘူးလား။ သူ့ပုံကြည့်ရတာ ပန်းပင်တွေကို အဲလောက်နှစ်သက်တဲ့ပုံလည်း မပေါ်ဘူးလေ။

ထိုသို့တွေးရင်း ဖုပင်းကလည်း ပန်းပင်တူးနေတုန်းနေတွင် ပိုင်လီက ပန်းပင်တွေကို ခြင်းထဲထည့်ပြီး ပြောလာလေသည်။

"ဒီအပင်တွေက အရမ်းချစ်စရာကောင်းပြီး အရိပ်အောက်မှာမှရှင်ကျတာ အိမ်ဝန်းထဲက လျှောက်လမ်းတွေရဲ့ဘေးမှာ ပန်းပင်အမြင့်တွေပဲ စိုက်ထားတာဆိုတော့ အဲဒီအပင်တွေအောက် စိုက်လို့ရတယ် အိမ်က ကလေးတွေကတော့ အရမ်းသဘောကျမှာပဲ"

ဒါကိုကြားတော့ ဖုပင်းက ကောငယ်လေးတွေရဲ့ပန်းပင်တွေကို သဘောကျမှုကို ပြန်သတိရသွားပြီး သူက ခေါင်းငြိမ့်လိုက်လေသည်။

ဟုတ်ပါတယ်။ အဲဒီအသေးလေးတွေက အပွင့်ပါတဲ့အပင်တွေနဲ့ အသီးသီးတဲ့အပင်တွေကို အရမ်းသဘောကျတယ်။ ပြီးတော့ သူတို့က အရမ်းချစ်ရာကောင်းတော့ ဘယ်သူကများ သူတို့လေးတွေ ပျော်အောင် လုပ်မပေးချင်မှာတဲ့လဲ။ အဲလိုသားလေးတွေကို ပိုင်ထားတဲ့ ပိုင်လီက အရမ်းအလိုလိုက်ချင်နေတာ ထူးတော့ မထူးဆန်းပါဘူးလေ။

သို့ဖြင့် နှစ်ဦးသားသည်ထိုနေရာကပန်းပင်တချို့တူးပြီးနောက် နောက်နေရာတွေသို့ဆက်သွားခဲ့လေသည်။

ဒီမှာ ပိုင်လီက အရင်ထဲက ပန်းပင်တွေရှိတဲ့နေရာကို မှတ်သားပြီးသားဆိုတာ သိသာပြီး သူက တစ်နေရာပြီး တစ်နေရာတန်းသွားနေတာပါပဲ။ သူက လိုက်ရှာနေတာမျိုးတောင် မဟုတ်ဘူး။

သူတို့တွေ နောက်ဆုံးဝင်ခဲ့သည့်နေရာသည် စံပါယ်ပန်းပင်တွေ ရှိသည့်နေရာပင်ဖြစ်သည်။ ဖုပင်းကများပြားလှတဲ့ စံပါယ်ပင်ခြုံတွေကိုကြည့်ပြီး မအံသြပဲ မနေနိုင်ပါဘူး။ ဘာလို့ဆို သူက ပိုင်လီတို့အိမ်မှာရှိတဲ့ စံပါယ်ပင်လေးကို သိတယ်လေ။ ပြီးတော့ အဲဒီပန်းပင်လေးက ရွှေချောင်းတစ်ရာတောင် တန်တာဆိုပြီးလည်း ကြားခဲ့သေးတယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now