အိမ်အသစ်ဆောက်လုပ်ခြင်း

8.8K 1K 12
                                    

အပိုင်း (၁၃၆) အိမ်အသစ်ဆောက်လုပ်ခြင်း

ဒီမနက် ရှောင်ဟန်က အနည်းငယ် စိတ်လှုပ်ရှားနေပြီး သူက အသေးလေးတွေ နိုးလာတော့မှသာ ပုံမှန်ပြန်ဖြစ်သွားခဲ့လေသည်။

အသေးလေးတွေလည်းနိုးလာတော့ မိသားစုကအတူတူထမင်းစားခဲ့ကျပြီး ဒီနေ့ရဲ့ဟင်းပွဲတွေကတော့ ကျားယန်ပြင်ဆင်ထားတာတွေပါပဲ။

ရှင်းလုနဲ့ကျူးလင်က အစမှာ ရှောင်ဟန်ပြောတဲ့ဟင်းပွဲတွေအတွက် ပြင်ဆင်ဖို့လုပ်နေခဲ့ကျပြီး ကျားယန်က တစ်ဝက်မှာ ဝင်နေရာယူသွားတာဖြစ်လို့ ဟင်းပွဲတွေကတော့ ရှောင်ဟန်ရဲ့ နေ့စဥ်ပြင်တတ်တဲ ဟင်းပွဲပုံစံတွေပါပင်။ ဒါကြောင့် ပိုင်လီနဲ့ အသေးလေးတွေက ဘာမှထူးထူးခြားခြားမခံစားရဘူး။ ဒီတိုင်းအရသာက န​ည်းနည်းမတူရုံပဲ။

ရှင်းလုနဲ့ကျူးလင်က သူမတို့ရဲ့သခင်ငယ်လေးတွေက ငယ်သေးတဲ့အတွက် အပြည့်ဝစောင့်ရှောက်ရမယ်မှန်းသိထားလို့ သူတို့က မနက်စာစားနေတုန်းမှာထွက်မသွားခဲ့ကျပေ။ ဒါက သခင်ငယ်လေးတွေစားရင်း တစ်ခုခုလိုတာရှိရင် လုပ်ပေးနိုင်အောင်လို့ပါပဲ။ ဒါပေမယ့် ပိုင်လီနဲ့ရှောင်ဟန်က ကလေးတွေကို အလွန်ဂရုစိုက်တာကြောင့် သူမတို့ကိုမလိုအပ်ဘဲ သူမတို့ကလည်း သခင်လေးတွေရဲ့နောက်နားမှာပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရပ်နေလိုက်ကျတယ်။

သူမတို့နားမလည်တာတစ်ခုက ကျားယန်ကရော ဘာလုပ်နေတာလဲ ဆိုတာကိုပဲ။ သူမက ဟင်းပွဲတွေအကုန်ချပေးပြီးတဲ့ထိ ထွက်မသွားသေးဘဲ ဝေ့လည်ဝေ့လည် လုပ်နေခဲ့တယ်လေ။

နောက်တော့ ကျားယန်ကပြောလာသံကို သူမတို့ကြားလိုက်ရတော့တယ်။

"သခင်ကြီး ဒီနေ့မနက်စာကို ကျွန်မကပြင်ဆင်ခဲတာပါ အဆင်ပြေရဲ့လား"

ရုတ်တရက်ဒါကိုကြားလိုက်ရတဲ့ရှင်းလုနဲ့ကျူးလင်ကတော့အတော်လေးလန့်သွားခဲ့တာပင်။ အစေခံတွေက သခင်တွေခွင့်မပြုပဲစကားမပြောရသလို၊မမေးပဲလည်းမဖြေရဘူးလေ။ ဒီကျားယန်ကဒီစည်းမျဥ်းတွေကိုမသိရင်တောင်သူမက သခင်တွေစားနေတဲ့အချိန်မှာတော့ဒီလိုစကားဝင်မပြောသင့်ဘူး။ ပြီးတော့ သူမကိုယ်သူမလည်း ဒီအစေခံလို့ မသုံးနှုန်းလိုက်ဘူးလားလို့လေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now