အပိုင်း (၈၉)

11.3K 1.3K 34
                                    

အပိုင်း (၈၉) ဇနီးလေး၏စိုးရိမ်ပူပန်မှု

ရှောင်ဟန်က ပူထူနေ၍ ပိုင်အမေနှင့် မည်သို့စကားစဖြတ်ခဲ့ကြောင်းကိုပင် မမှတ်မိခဲ့ပါချေ။

အဲဒီနောက်မှာ သူက သူ့သားလေးတွေကို သွားကြည့်ခဲ့ပြီး အသေးလေးတွေက ပိုင်မိန်ရဲ့ပုလဲထည်တွေကိုဆော့ရင်း ပျော်ရွှင်နေသဖြင့် ထိုကောင်လေးတွေကိုပိုင်အိမ်မှာ ခဏထားခဲ့လိုက်ဖို့ ဆုံးဖြတ်ခဲ့တော့သည်။

ဟုတ်ပါတယ်။ အဲဒီကောင်လေးတွေက ပုလဲတွေနဲ့ဆော့နေတာပါ။ သူတို့လေးတွေက ပုလဲတွေက ဘယ်လောက်အဖိုးတန်မှန်း နားမလည်နိုင်ကျဘဲ တောက်ပတဲ့ပုံလေးတွေကိုသာ သဘောကျနေကျကာ ရှောင်ဟန်မှာ စိတ်မသက်မသာနှင့် ဖျက်စီးမိမည်စိုးရိမ်၍ မှာခဲ့ရသေးပြီး အဲဒီနောက် သူက အသေးလေးတွေနဲ့အတူ ပုလဲထည်တွေကြောင့် ပျော်ရွှင်နေတဲ့ ပိုင်မိန်ကိုလည်း မခေါ်တော့ဘဲ အိမ်သို့ ပြန်လာခဲ့တော့သည်။

အိမ်ပြန်ရောက်တာနဲ့ သူက သစ်တော်သီးတချို့ကိုယူပြီး သူ့ခင်ပွန်းမှာထားတဲ့အတိုင်း ရုံအိမ်နှင့် ကျန်းအိမ်ကို သွားပေးခဲ့လိုက်ပါတယ်။ သူ သစ်တော်သီးတွေ ပို့ပြီး ပြန်လာချိန်မှာတော့ သစ်မာသား သွားရှာသော ပိုင်လီကလည်း အိမ်ပြန်ရောက်နေပြီး ပိုင်လီက ဒီတစ်ခေါက်မှာ တောအနက်ထဲထိမသွားခဲ့သလို တောကောင်ကြီးတွေလည်း မရှာခဲ့ပေ။

သို့သော် သူက သစ်မာပင်သွားရှာရင်းနှင့် တောယုန်နှစ်ကောင်ရလာခဲ့ကာ လမ်း၌တွေ့သည့်ဟင်းသီးဟင်းရွက်များကိုလည်း ခူးလာခဲဲ့ပြီး အိမ်မှာရှောင်ဟန်ပြန်ရောက်နေကြောင်း တွေ့တော့ ဒီနေ့ယုန်သားအစပ်ဟင်းချက်ရန် မှာကြားခဲ့ကာ နောက်ထပ် တောထဲသို့ ထပ်ထွက်သွားခဲ့ပြန်သည်။

အဲဒီထိ ပိုင်လီက ရှောင်ဟန်က တစ်ခုခုမှားယွင်းနေကြောင်း သတိမထားမိခဲ့သေးပါဘူး။ ဘာလို့လည်းဆိုတော့ ရှောင်ဟန်က ပုံမှန်မှာလည်း ခပ်အေးအေးပဲနေတတ်တာဖြစ်လို့ အဲဒါက ရုတ်တရက်ကြည့်ရင် ငေးငိုင်နေတာနဲ့ သိပ်မသဲကွဲဘူးလေ။

ရှောင်ဟန်မှာ ပိုင်လီမှာခဲ့သည့်အတိုင်း တောယုန်နှစ်ကောင်လုံးကို ယုန်သားအစပ်ဟင်းအဖြစ် ပြောင်းလဲနေရင်းက ပိုင်အမေ သူ့အား ပြောခဲ့သည်များကို ပြန်စဥ်းစားကြည့်နေခဲ့၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now