အပိုင်း (၈၄)

15.6K 1.6K 12
                                    


အပိုင်း (၈၄)တတိယ! မင်းယူကိုယူရမယ်!

ပိုင်လီက အစတွင် ကလေးတွေကို ကြည့်နေတာဖြစ်သော်လည်း သူကရုတ်တရက် ရှောင်ဟန်ဆီသို့အကြည့်ပြောင်းသွားခဲ့သည်။

ရှောင်ဟန်ပြုံးနေတာက မြင်ရခဲပါတယ်။ ဒီကောင်လေးက ပုံမှန်ဆိုတည်လွန်းတာကြောင့် ပြုံးလိုက်တဲ့အခါမှာ ငယ်ရွယ်မှုနဲ့ ချစ်စရာကောင်းမှုလေးတွေက နည်းနည်းပိုထင်ရှားလာတတ်တယ်။

ပိုင်လီက သူများပျော်နေတာကို အနှောင့်ယှက်ဖြစ်မှာစိုး၍ မြန်မြန်အကြည့်လွဲလိုက်ပြီး သစ်တော်သီးတွေဆက်ကောက်နေကာ ခဏအကြာ၌ အိမ်တံခါးခေါက်သံကိုကြားလိုက်ရသဖြင့် သူက သူ့ရဲ့လက်ရှိသစ်တော်သီးခြင်းကို ရှောင်ဟန်အနား သွားထားလိုက်ပြီး ပြောလိုက်၏။

"ကိုယ်တံခါးသွားဖွင့်လိုက်ဦးမယ်"

သစ်တော်ပင်တွေရှိတဲ့နေရာက အိမ်တံခါးဝေးတာကြောင့် တံခါးခေါက်သံလိုအသံမျိုးကို ရှောင်ဟန်ကမကြားမိပါဘူး။ ဒါပေမယ့် သူက ဘာမှမပြောခဲ့ဘဲ ခေါင်းသာငြိမ့်ပြခဲ့ပြီး ပိုင်လီက ပိုင်အဖေ၊ ပိုင်ကျန်းနှင့် ပိုင်စန်းတို့နဲ့အတူ ပြန်လာတာမြင်မှ သူ့ခင်ပွန်းက နားလည်းပါးတာပဲလားဟု တွေးမိသွားခဲ့ရသည်။ ဒါမှမဟုတ် သူကပဲ အကြားအာရုံ နည်းနည်းမကောင်းတာများလား။

ပိုင်လီက မနက်ခင်းတံခါးခေါက်သံက ပိုင်မိသားစုဖြစ်နိုင်မှန်း သိထားသော်လည်း အရင်အကြိမ်များလိုပြဿနာက တံခါးလာလာခေါက်မည်ကို မသိစိတ်ကနေစိုးရိမ်စိတ်တော့ ရှိနေခဲ့တာပင်။ သူက တံခါးအပြင်မှာ ပိုင်မိသားစုကိုတွေ့တဲ့အခါမှပဲ သက်ပြင်းချနိုင်တော့တယ်။

ပိုင်အဖေကတော့ ပိုင်လီရဲ့ အင်္ကျီလက်ခေါက်တင်ထားတဲ့ပုံကိုကြည့်ပြီး ခြံထဲဝင်ခဲ့ပြီးနောက်လည်း အရင်လို ပြေးလွှားနေတဲ့ သူ့မြေးလေးတွေကို မတွေ့ရလေရာ မေးလိုက်သည်။

"ဒုတိယ မင်းဘာလုပ်နေတာလဲ ရှောင်ဖူနဲ့ရှောင်ဝူလေးရော "

"ကျွန်တော်တို့ သစ်တော်သီးတွေကောက်နေတာပါ အိမ်ကသစ်တော်သီးတွေကြွေနေတာနည်းနည်းများလို့ ​ရှောင်ဟန်ရော ကလေးတွေရောကူကောက်နေကျတာ"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now