အိမ်တော်အသစ်တတ်ပွဲ

5.2K 743 12
                                    

အပိုင်း (၁၆၀) အိမ်တော်အသစ်တတ်ပွဲ

အိမ်တော်အသစ်တတ်ပွဲနေ့တွင် ပထမဆုံးရောက်ရှိလာသူများမှာ ချောင်မိသားစုပါပင်။

သူတို့က ဒီနေ့မှာလည်း မိသားစုလိုက် ရောက်ရှိလာကျတာဖြစ်ပြီး ချောင်ချင်းချင်းလေးက လှည်းပေါ်ကဆင်းသည်နှင့် ပိုင်လီကို ပြေးပြီး နှုတ်ဆက်လာခဲ့ပါတယ်။

"ဦးဦးပိုင်! "

ပိုင်လီက သူ့ထံပြေးလာသည့် ကလေးမလေး၏ ခေါင်းလေးကိုပုတ်လိုက်၍...

"မတွေ့တာသိပ်မကြာသေးတာကို ချင်းချင်းလေးတောင် အရပ်တွေ ထပ်ရှည်လာပြန်ပြီပဲ "

ချောင်ချင်းချင်းက အရင်ထဲက သူမ၏ ရှိရင်းစွဲ အသက်ထက် အရပ်ပိုရှည်နေသူလေးဖြစ်ပြီး သူမက မတွေ့ရသည့်အချိန်တွေအတွင်း အရပ်အနည်းငယ် ထပ်ရှည်လာခဲ့လေသည်။

ဒါကြောင့် ပိုင်လီက စိတ်ထဲမှာ သူ့သားလေးတွေအတွက် အနည်းငယ်စိုးရိမ်လာခဲ့ပါတယ်။ ချင်းချင်းနဲ့ယှဥ်ရင် သူ့သားလေးတွေရဲ့အရပ်က မနှစ်ကအတိုင်းပဲ။ သူတို့က လုံးလုံးလေးတွေကနေ တတ်မလာဘူးလေ။

ပိုင်လီ စဥ်းစားခန်းဝင်နေတုန်းပင် သူ့နောက်၌ ပုန်းနေသော အသေးလေးနှစ်ယောက်က ရုတ်တရက်ရှေ့ကိုခုန်ထွက်လာကျပြီး ချောင်ချင်းချင်းကို အံသြသွားအောင် လုပ်လိုက်လေသည်။

"မမချင်းချင်း!"

"ဟီးဟီး မမချင်းချင်းက ကျွန်တော်တို့ကိုမမြင်ဘူး"

ချောင်ချင်းချင်းက မလန့်သွားပေ။ အဲဒီအစား သူမက အသေးလေးတွေကို တွေ့လိုက်ရလို့သာ အရမ်းပျော်ရွှင်သွားပါတယ်။ သူမက ဒီပေါက်စီနဲ့တူတဲ့ လူသေးသေးလေးတွေကို ချစ်တယ်လေ။

ဒါကြောင့် သူမက ထိုပေါက်စီလေးတွေကို ပြေးဖက်လိုက်ပြီး...

"အိုက်ယား!.. ငါ့ရဲ့ပေါက်စီလေးတွေ.. မင်းတို့ကဘယ်အချိန်နေနေ ချစ်ဖို့ကောင်းနေတာပဲ!"

အသေးလေးတွေကထိုချီးကျူးစကားကြောင့်တခစ်ခစ်ရယ်မောလိုက်၏။

နောက်တော့ သူတို့က ချောင်ချင်းချင်းကို အိမ်ထဲသို့ ဆွဲခေါ်သွားလေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now