အပိုင်း (၉၂)

11.7K 1.3K 33
                                    

အပိုင်း (၉၂) ရှောင်ရုံဟွာ၏ပြင်းထန်သောမနာလိုမှု

ရှောင်ရုံဟွာမှာ ရှောက်ဟန်၏ခေါင်းပေါ်က ကျောက်စိမ်းဆံထိုးကိုကြည့်ကာ သူမဝတ်ရုံစအား တင်းတင်းဆုပ်ထားမိခဲ့တော့သည်။

ကျောက်စိမ်းတွေဟာ စျေးအနည်းဆုံးဆိုရင်တောင်မှ ရွှေချောင်းတွေနဲ့စပါတယ်။ အခု ရှောင်ဟန်က ကျောက်စိမ်ဆံထိုးတစ်ချောင်းကို ဝတ်ဆင်ထားတာတဲ့လား။

ပိုင်လီက ရှောင်ဟန်လိုလူအတွက် ရွှေချောင်းတွေတန်တဲ့ ဆံထိုးမျိုးကို ဝယ်ပေးချင်ခဲ့တယ်ပေါ့လေ။

ရှောင်ရုံဟွာက ဤသို့တွေးမိရုံနှင့်တင် အော်ဟစ်ပြစ်ချင်မိခဲ့သည် ထိစိတ်တိုခဲ့ရသည်။

ဘာလို့လဲ။ ရှောင်ဟန်က အမေမရှိတဲ့ကောတစ်ယောက်ပဲလေ။ သူက သူမတို့အနိုင်ကျင့်သမျှ ခံလာရတဲ့သူပဲလေ။ အဲတာကို သူကဘာကြောင့် အခုကောင်းစားနေရတာလဲ။ သူမတို့ကတော့ အဆင်မပြေနေတဲ့အချိန်ကြီးမှာလေ!။

အဓိကအားဖြင့်တော့ ရှောင်ဟန်မှာ ငယ်စဥ်ထဲက အမေမရှိတော့ဘဲ အဖေကလည်း သူ့ကိုမနှစ်သက်လေရာ သူက ကမ္ဘာပေါ်က အမှိုက်ပိုတစ်ခုနဲ့ ဘာများကွားခြားနေသေးလို့လဲ။ သူ့ရဲ့မိဘတွေကတောင် သူ့ကိုမလိုချင်ခဲ့ကျဘူးလေ။

ထိုကဲ့သို့လူမျိူးတစ်ယောက်သည် ယခင်ကပိုင်လီကဲ့သို့ ဆိုးသွမ်းရက်စက်သည့် လူမျိုးနှင့်သာ အလွန်လိုက်ဖက်သည်ဟု ရှောင်ရုံဟွာက တစ်ချိန်လုံးတွေးနေခဲ့တာဖြစ်ပြီး အဲတာကြောင့်လည်း ပိုင်လီကရုတ်တရက် ပြောင်းလဲလာပြီးနောက် ရှောင်ဟန်ရဲ့ဘဝက ပြောင်းလဲလာတဲ့အခါ သူမက လက်မခံနိုင်ဖြစ်ခဲ့ရသည်။

ဒီအခြေနေကြီးက ပုံမှန်အတိုင်းသွားနေရမယ့်လမ်းကြောင်းကို တစ်ယောက်ယောက်ကလာပြီးပြောင်းပြန်လှန်လိုက်သလိုပါပဲ။

ဘာကြောင့်လဲ?

အကယ်၍ ပိုင်လီကပြောင်းလဲလာပြီး လယ်သူဌေးဖြစ်လာမယ်ဆိုရင် သူမကပဲ လယ်သူဌေးရဲ့ ဇနီးဖြစ်နေသင့်တာလေ။ အဲတာက ဘာလို့ ရှောင်ဟန်ဖြစ်နေရမှာလဲ။

သူမတို့ရွာမှာ ကြွယ်ဝချမ်းသာတဲ့လူရှိလာခဲ့ရင် ရွာရဲ့အလှဆုံးဖြစ်တဲ့ သူမနဲ့ပဲ လက်ထပ်သင့်တာက သဘာဝပဲမလား။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝTahanan ng mga kuwento. Tumuklas ngayon