ရှောင်ရုံဟွာ၏အကြံ

6K 759 9
                                    

အပိုင်း (၁၅၃) ရှောင်ရုံဟွာ၏အကြံ

ရှောင်ဟန်မှာ သူ့ခင်ပွန်း၏ အရေထူမှုကြီးကို တကယ်ကို မယုံကြည်နိုင်ပါချေ။

ဒီလူက တဖြေးဖြေးနဲ့ ပိုပိုအရှက်မဲ့လာတယ်လို့ သူတော့ထင်တယ်။

ပိုက်လီက ရှက်ပြီး ထွက်ပြေးသွားတဲ့ သူ့ဇနီးလေးကို ကြည့်ပြီးရယ်မောလိုက်၏။

ဒီလိုမျိုး နေ့တစ်နေ့ရဲ့ စတင်ချိန်မှာထဲက ဇနီးလေးကိုစနောက်နေရတာက အရမ်းကိုပျော်စရာပဲလေ။

သို့သော် သူကြာကြာ မပျော်လိုက်ရပါချေ။ ဘာကြောင့်လဲဆိုတော့ ပိုင်အမေကပါ လယ်ထဲဆင်းဖို့ပြင်ဆင်ထားလို့ပါပဲ။ ပြီးတော့ သူမက အသေးလေးတွေလို ချော့ပြောလိုက်ရုံနဲ့မရဘဲ ရှောင်ဟန်လိုလည်းစနောက်ရုံနဲ့ ပြီးမသွားတော့ တကယ်ကိုခက်လှတယ်။

ပိုင်လီရဲ့ဆန္ဒက တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ။သူ့မိသားစုကို ပင်ပန်းတဲ့အလုပ်တွေ မလုပ်စေချင်ဘဲ တဖန် သူ့မိသားစုရဲ့ ရိုးရှင်းတဲ့ဆန္ဒကလည်း သူ့ကိုကူညီကျဖို့ဖြစ်မှာ အဲဒီမှာ တော်တော်လေး ဖြေရှင်းရခက်သွားကျရဲ့။

နောက်တော့ ပိုင်လီနဲ့ပိုင်အမေရဲ့ ငြင်းခုန်နေတဲ့စကားဝိုင်းကို ပိုင်အဖေနဲ့ ပိုင်ကျန်းက ဝင်ဖြန်ဖြေပေးခဲ့ပြီး ပိုင်မိသားစုက ဆန်ချောတွေစစိုက်တဲ့ ဒီနေ့မှာတော့ ကူညီပေးကျမည်ဖြစ်ကာ အဲဒါက ဒီနေ့တစ်ရက်ပါပဲ။

ပိုင်လီကတော့ စိုက်ပျိုးဖို့အတွက် အလုပ်သမားတွေရှာပေးဖို့ အကြီးကဲကျန်းကို အကူညီတောင်းထားပြီဖြစ်လို့ သူ့မိသားစု လယ်ထဲဆင်းမှာကို မလိုလားသော်လည်း ပြောမရသည့်အဆုံး ဒီနေ့တစ်ရက်တော့ ခွင့်ပြုလိုက်ရလေသည်။

အဲဒီမှာ ရှောင်ဟန်ကလည်း ပိုင်အမေရဲ့အကူညီနဲ့ လယ်ထဲဆင်းဖို့ လိုက်ခွင့်ရသွားပြီး ဒါကြောင့် သူတို့မိသားစုက ပိုင်လီရဲ့လယ်ကွင်းတွေဆီကို ချီတတ်ခဲ့ကျပါတော့တယ်။

တကယ်တော့ ပိုင်မိသားစု လယ်ကွက်တွေကလည်း ဒီနေ့ စစိုက်ပျိုးပြီဖြစ်ပေမယ့် ပိုင်မိသားစုကတော့ သူတို့ရဲ့လယ်ကွက်တွေက ဆန်ကြမ်းတွေပဲစိုက်မှာမလို့ သိပ်စိတ်ပူစရာမလိုတာကြောင့် လူငှားတွေနဲ့လည်း အဆင်ပြေပါတယ်တဲ့လေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now