အပိုင်း (၁၆၂)

8.9K 957 13
                                    

အပိုင်း (၁၆၂) အမွှေးတိုင်များ

ဟုန်ရင်းက တကယ်ကို ရူးသွပ်နေပြီဖြစ်သည်။

သူမက သူမကိုယ်သူမ ဒီလိုနေရာကို လာရောက်ရတဲ့အတွက် အရမ်းကံကောင်းတယ်လို့တောင် မြင်မိပါတယ်။ ဖြစ်နိုင်ရင် သူမက အိမ်တောင် မပြန်ချင်တော့ပါဘူး။

ရှောင်ဟန်က ကလေးတစ်ယောက်လို ပန်းပင်တွေကို ပြေးလွှားသွားကြည့်နေသည့် ဟုန်ရင်းကို ဥယျာဥ်ထဲက နားနေဆောင်လေးသို့ မနည်းဆွဲခေါ်သွားခဲ့ရတာပင်။

သူတို့ထိုင်အပြီးမှာ နားနေဆောင်ဘေးနားက ကျောက်ဆောင်အနောက်မှာ ကလေးတွေဆော့ကစားနေသံကိုလည်း ကြားလိုက်ကျရပြီး သူတို့လေးတွေကကလည်း အတော်ပျော်ပုံပေါက်သည်။

ဟုန်ရင်းက ဒီလိုမျိုး ပန်းတွေအလယ်မှာ ထိုင်နေရတာကို သဘောအကျကြီးကျနေပြီး သူမက မမောနိုင်အောင် ဟိုဒီကြည့်လျက် မေးလာလေသည်။

"ဒါတွေအကုန်လုံးကို တကယ်ပဲ ပိုင်လီက တစ်ယောက်ထဲ စီစဥ်ထားတာတဲ့လား သူကဘယ်လိုတောင် စိတ်ရှည်တာလဲကွယ်"

ကြည့်ရတာ လှသလောက် ဒီလိုလှဖို့အတွက်ဘယ်လောက်တောင် အချိန်ရော၊လူရော ပေးရမလဲဆိုတာ သိနိုင်ပါသည်။ ဒါကြောင့် ဟုန်ရင်းက မချီးကျူးပဲကို မနေနိုင်ခဲ့ပါဘူး။

ရှောင်ဟန်က ဒါကိုကြားတော့ လက်ဖက်ငှဲ့နေရင်းကပြုံးလိုက်မိ၏။ ပြီးတော့ သူက ပြန်ဖြေလိုက်လေသည်။

"ဟုတ်ပါတယ် သူက အမြဲတမ်းစိတ်ရှည်တယ်လေ "

ပြောင်းလဲလာပြီးတဲ့ နောက်မှာပေါ့လေ။

ပြောင်းလဲလာပြီးထဲက ပိုင်လီသည် မသိမသာနှင့်ပြောင်းလဲသွားလိုက်တာက အခုဆို အခုမှပိုင်လီကိုသိတဲ့သူတွေက အရင်တုန်းက ပိုင်လီက ထိုကဲ့သို့ဆိုးသွမ်းဖူးတယ်ဟုပြောလျှင်တောင် ​ယုံကြည်မည်မဟုတ်တော့သည်ထိပင်။

သူက အတိတ်နဲ့ယှဥ်ရင် တကယ့်ကို တခြားလူတစ်ယောက်လိုပဲ။

ဒီမယုံကြည်နိုင်စရာ ပြောင်းလဲမှုကို ပြန်တွေးမိရင် ရှောင်ဟန်က အနည်းငယ် အတွေးများမိပေမယ့် ပိုင်လီပြောင်းလဲသွားတာက ကောင်းတာတွေချည်းပဲ ဖြစ်နေခဲ့တယ်လေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now