နွေရာသီသည်အလွန်ပူပြင်းလှသည်။နွေရာသီကျောင်းပိတ်ရက်မို့ခွန်းသစ္စာချိုဆိုသည့်မိန်းကလေးတစ်ယောက်အိမ်မာဖုန်းကြည့်လိုက်စားလိုက်သောက်လိုက်နှင့်အပျင်းကြောထူနေလေသည်။
"သမီးရေထတော့လေဘယ်နှစ်နာရီတောင်ရှိနေပြီလဲကြည့်အုန်း"
အမေဖြစ်သူကထရန်နှိုးနေပေမယ့်ခွန်းသစ္စာချိုတို့ကတော့တစ်ညလုံးဂိမ်းထိုင်ဆော့ထားတာကြောင့်နှိုးလို့နှိုးနေမှန်းတောင်မသိဖြစ်နေလေရဲ့။
"ဟဲ့ထလို့အမေဖြစ်သူကနှိုးရတာအာပေါက်တော့မယ်သူကတော့အိပ်လို့ကောင်းတုန်းငါတို့တုန်းကဆိုရင်ဖြင့်"
"ထပြီအမေအခုထပြီအမေတို့တုန်းကတွေဘာတွေတော့မလုပ်လိုက်ပါနဲ့ထဆိုထပါပီ"
"ညကတစ်ညလုံးဖုန်းကြည့်နေတယ်မဟုတ်လား"
"မဟုတ်ပါဘူးအမေရဲ့တစ်ညလုံးဘယ်လိုလုပ်ကြည့်နိုင်မှာလဲ"
"တစ်ညလုံးမကြည့်ဘူးသာပြောနေတာမျက်ကွင်းကမဲသဲပြီးပန်ဒါမဖြစ်နေပြီ"
"တော်ပါတော့အမေရယ်ထတော့မယ်ဗိုက်ဆာတယ်မနက်စာကျွေးလေနော်
"ဟုတ်ပါပြီရှင်ဆင်းခဲ့တော်မူပါသွားတိုက်မျက်နှာသစ်ပြီးရင်"
ခွန်းသစ္စာချိုဆိုသည့်မိန်းကလေးသည်တစ်ယောက်ထည်းလွတ်လွတ်လပ်လပ်နေရတာကြိုက်သူဖြစ်ပြီးသူ့ကိုပွစိပွစိလာလုပ်လျှင်အရမ်းစိတ်ရှုပ်တက်သူပါ။စကားဆိုလဲသိပ်မပြောပဲတစ်ယောက်ထဲအခန်းအောင်းပြီးဖုန်းနှိပ်နေတက်သူသာဖြစ်သည်။
"သင်တန်းလေးဘာလေးတက်ဖို့မစဉ်းစားဘူးလားသမီးအိမ်မာဒီတိုင်းပဲနေတော့မာလား"
မနက်စာစားနေရင်းအဖေဖြစ်သူမှပြောလာသည့်စကား။
"ဟင့်အင်းမတက်ချင်ဘူးအဖေ"
"ဘာဖြစ်လို့မတက်ချင်ရတာလဲအားနေအဲ့ဖုန်းပဲအမြဲနှိပ်နေမာလားဟမ်"
"ကျောင်းပိတ်တုန်းလေးအေးဆေးလေးနားပါရစေကျောင်းပြန်ဖွင့်လို့ကျောင်းအသစ်ကိုပြောင်းတဲ့အခါသေချာစာကြိုးစားပါ့မယ်အခုတော့သမီးကိုလွတ်လွတ်လပ်လပ်လေးနေခွင့်ပြုပါ"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်