မနက်မိုးလင်းလို့ခွန်းနိုးတော့နှောင်းဟာအခန်းထဲတွင်ရှိမနေ ခနနေတော့အခန်းတံခါးဖွင့်သံကြားမိတော့ခွန်းတစ်ယောက်ချက်ချင်းပင်အိပ်ချင်ယောင်ဆောင်တော့သည်။
"ဟိတ် အိပ်ပုတ်တဲ့ကလေးမ ထတော့လေ"
"မထချင်သေးပါဘူးအစောကြီး"
"မရဘူးကွာထ ချယ်မနက်စာပြင်ပြီးပြီ"
ခွန်းမှောက်အိပ်နေရာမှာပက်လက်လန်လိုက်ကာနှောင်းကိုကြည့်လိုက်တော့ပါးချိုင့်သေးသေးလေးပေါ်လာသည်အထိပြုံးပြသည့်သူမ။
"ချယ်"
"ရှင်"
"ချစ်တယ်"
"ချယ်လဲသိပ်ချစ်ပါတယ်ရှင့်"
"ဟီးဒါဆိုခွန်းမျက်နှာသွားသစ်လိုက်အုန်းမယ်နော်"
"ရော့ဒီမှာသွားတိုက်တံချယ်၀ယ်ပေးထားတာရေတစ်ခါထည်းချိုးလိုက်ပါလားကလေးချယ့်အင်္ကျီ၀တ်လိုက်လေပြီးရင်"
"ဟုတ်အာ့ဆိုခွန်းရေချိုးလိုက်မယ်နော်"
"ဟုတ်ကဲ့ပါရှင့်"
ခွန်းရေချိုးပြီးသော်ချယ်နဲ့အတူမနက်စာစားရန်ပြင်ဆင်လိုက်သည်။
"လာကလေး ဒီမှာပေါင်မုန့်ကြက်ဥကြော်"
"ရှယ်ပဲကြိုက်တယ်"
"များများစားပါနော် ကလေးအခုတလောပိန်လာသလိုပဲ"
"ပိန်တော့လှတာပေါ့ချယ်ရဲ့"
"ချယ့်ကလေးက၀၀လေးဆိုလည်းချစ်ဖို့ကောင်းမှာ"
"ခွန်းတော့ပိန်တာပဲကြိုက်တယ်"
"ပြောရဆိုရခက်တဲ့ကလေးမလေးပါလား"
"မခက်ပါဘူး ဒီလောက်လိမ္မာတဲ့ဟာကို"
"ဖြစ်ရမယ်"
"ချယ်"
ပေါင်မုန့်ကိုပါးစပ်ထည်းအပြည့်ထည့်ရင်းလှမ်းခေါ်သည့်ခွန်းရယ်ပါခွန်း၏ထိုပုံစံလေးကိုအသဲယားနေမိသည်။အိပ်ယာနိုးကာစလည်းဖြစ်သလိုပါးစပ်ထဲပေါင်မုန့်အပြည့်ထည့်ထားသည်မို့ခွန်းပါးလေးတွေဟာဖောင်းကားလို့နေသည်။
"အို အသဲယားလိုက်တာကလေးပါးလေးတွေကို"
"ချယ်လို့"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်