Part 37

158 10 0
                                    

"ချယ်"

"နိုးပြီလားကလေး"

"မထချင်သေးဘူး"

"မထလို့မရဘူးလေကွယ်ရုံးသွားရမှာမို့လားချယ်လဲအိမ်ပြန်ရအုန်းမယ်လေ"

"Morning kiss"

"အိုအလည်လေး"

"မြန်မြန်"

နှုတ်ခမ်းလေးတစ်ဆူဆူလုပ်နေတဲ့ခွန်းကိုကြည့်ကာနှောင်းအချစ်ပိုရပြန်သည်မို့ခွန်းလိုချင်တဲ့Morning kissလေးကိုအမြန်ပေးလိုက်တော့သည်။

ခွန်းမျက်နှာသစ်ပြီးမိဘဖြစ်သူတွေနှင့်အတူမနက်စာစားပြီးနှောင်းအိမ်သို့ပြန်ဖို့ရာပြင်ရတော့သည်။သူမရုံးလည်းသွားရအုန်းမည်ခွန်းအ၀တ်အစားတွေအားလုံးဟာနှောင်းအိမ်မှာမို့နှောင်းအိမ်သို့အရင်ပြန်ရတာဖြစ်သည်။

"အဖေနဲ့အမေသမီးတို့ပြန်တော့မယ်နော်"

"အေးအေးဂရုစိုက်ပြန်ကြအုန်း"

"ဟုတ်ကဲ့ဒါဆိုပြန်လိုက်ပါအုန်းမယ်နော်"

ခွန်းအိမ်နှင့်နှောင်းတို့အိမ်ဟာသိပ်မဝေးလှဒါကြောင့်မို့သူမတို့နှစ်ဦးလမ်းသာလျှောက်ကြတော့သည်။

"ချယ်"

"ရှင်"

"ခွန်းနဲ့ချယ်ချစ်သူတွေမဖြစ်ခင်အချိန်တုန်းကပုံရိပ်လေးတွေကိုလွမ်းလိုက်တာ"

"ဟုတ်လား"

"ချယ့်ကိုမြင်မြင်ချင်းချစ်မိခဲ့တာကျောင်းစစတက်တဲ့နေ့ထည်းကစလို့ချစ်မိခဲ့တာအတန်းထဲကို၀င်လာပြီးမိတ်ဆက်နေတဲ့ချယ့်ရဲ့မျက်နှာလေးကိုမျက်တောင်မခတ်စတမ်းငေးကြည့်နေရင်းချစ်မိခဲ့တာ။ မှတ်မှတ်ရရအဲ့နေ့တုန်းကပါပဲခွန်းကိုကျောင်းတက်ရတာအဆင်ပြေရဲ့လားလို့ချယ်မေးပြီးခွန်းဘေးနားကဖြတ်သွားတော့ချယ့်ဆီကရလိုက်တဲ့ကိုယ်သင်းရနံ့လေးကိုအဲ့နေ့ကစလို့ဒီနေ့ဒီအချိန်ထိစွဲလန်းနေခဲ့တာ"

"ဒါဖြင့်ကလေးက မြင်မြင်ချင်းချယ့်အလှမှာနစ်မြောသွားတယ်ဆိုပါတော့"

"အစကသတိမထားမိခဲ့ဘူးဒီတိုင်းချယ်ကလှလို့နေမှာပါလေလို့ထင်ခဲ့တာ နောက်ပိုင်းကျမှသိလိုက်ရတာကချယ်ကခွန်းနှလုံးသားထဲကိုတစ်ဖြည်းဖြည်းချင်းတိုး၀င်နေတယ်ဆိုတာကိုပဲ ခွန်းနှလုံးသားကချယ်နဲ့စစဆုံတွေခဲ့တဲ့နေ့မှာကထည်းကချယ့်ဆီငြိတွယ်ပြီးကပ်ပါသွားခဲ့ရတာ"

နှင်းဆီနီနီ (Completed)Where stories live. Discover now