"ချယ်ရေ ခွန်းလာပြီ"
ကျောင်းပြန်ဖွင့်ပြီမို့ထုံးစံအတိုင်းခွန်းချယ့်အိမ်ကိုကျောင်းတူတူသွားရန်လာခေါ်တော့သည်။
"ဟယ် အစောကြီးပဲကလေးရယ်"
"ဟီး ချယ့်မျက်နှာလေးကိုမြင်ချင်လွန်းလို့မနက်စာတောင်မစားပဲထွက်လာတာ"
"ဒါဆို ဘာမှစားမလာဘူးပေါ့ ဒါဆိုချယ့်အမေမုန့်ဟင်းခါးအစောကြီးထချက်ထားတယ် တူတူစားရမယ်လာ"
ထိုသို့ပြောပြီးခွန်းလက်ကိုလှမ်းဆွဲလိုက်တော့သူမလေးလက်တွေဟာအေးစက်လို့နေသည်။
"လက်ဖျားတွေကအေးစက်နေတာပဲကွယ်နေမကောင်းဘူးလား"
"ကောင်းပါတယ်ချယ်ရဲ့ ရင်ခုန်လို့လေသိလား ချယ်ကအခုလိုခွန်းလက်ကိုကိုင်ထားတော့ရင်အခုန်လွန်ပြီးရူးတော့မလားပဲ"
"ပိုပြန်ပြီ"
"ဘယ်နားပိုတာလဲမပိုပါဘူးနော် နားထောင်ကြည့်မလားရင်ခုန်သံတွေကို အပြင်ကနေတောင်အတိုင်းသားကြားရတယ်"
"တော်ပါပေါက်တက်ကရတွေ"
"ပေါက်တက်ကရမဟုတ်ဘူး ချစ်နေတာဗျချစ်နေတာ"
ထပ်မံ၍ရှက်ရပြန်တာမို့မျက်လွှာကိုအသာချမိပြန်သည်။
"အိမ်ထဲမ၀င်တော့ဘူးလား အဲ့လိုပဲရှက်နေတော့မှာလားအပျိုကြီးရေ"
"ဘာတုန်း ၀င်ပေါ့ဘယ်သူကမ၀င်နဲ့ပြောလို့လည်းသူများကိုလာပြီးတော့ဟွန့်"
နှုတ်ခမ်းလေးဆူကာရန်ပြန်တွေ့နေပုံမှာသိပ်ကိုချစ်ဖို့ကောင်းလွန်းသည်။
"ဟောသမီးလေး လာ ဒီမှာအန်တီ့လက်ရာရှယ်စားနော်"
"ဟုတ်ကဲ့အန်တီ ခွန်းမုန့်ဟင်းခါးအရမ်းကြိုက်တာရယ်"
"ဒါဆို ကြိုက်သလောက်သာစား"
"ကလေး များများစားနော်"
"ဟုတ်ချယ်"
ခွန်းသည်မုန့်ဟင်းခါးကြိုက်သူမို့အားရပါးရစားလိုက်သည်။ထို့နောက်နှောင်းနှင့်အတူကျောင်းသွားကြလေသည်။
"ချယ်"
"ရှင့်"
"ချစ်တယ်"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်