"ဟယ်လိုကလေး"
"အင်း လွမ်းလို့"
ညအိပ်ခါနီးကျမှခွန်းတစ်ယောက်ချယ့်ကိုလွမ်းလွန်းလို့ဖုန်းထဆက်ပါလေတော့သည်။ညနေကမှပူပူနွေးနွေးချစ်သူတွေဖြစ်ထားကြသည့်သူမတို့ဟာအလွမ်းသယ်လို့ကိုမဆုံးနိုင်တော့ပါ။
"ချယ်လဲ လွမ်းနေတာသိလား ကလေးရင်ခွင်လေးထဲညနေကလို၀င်နေချင်တာကွယ်"
"ချစ်တယ်"
ခွန်းဟာအဲ့သလိုပါ ရုတ်တရက်စိတ်ရှိရင်ရှိသလိုနှောင်းကိုချစ်တယ်။လွမ်းတယ်ဆိုတဲ့စကားလေးတွေကိုထထပြောတက်သေးတာတကယ်ပင်ချစ်စရာ။
"ချယ်လဲသိပ်ချစ်တယ်"
"အာဘွားပေး ချယ့်ဆီကအာဘွားလေးမရမချင်းအိပ်ပျော်မယ်မထင်ဘူးဘယ်လိုလုပ်ရမလဲ"
"ဟွန့် အတက်ကလေး"
"အာဘွားမရမချင်းမအိပ်ဘူးနော်"
"အာဘွားပါရှင့် ကျေနပ်ပြီလားကလေးစုတ်"
"ဟီးကျေနပ်ပြီ ခွန်းအိပ်တော့မယ်နော် မနက်ကျစောစောလာခဲ့မယ်"
"ဟုတ်ပါပြီရှင့် စောင့်နေမယ်နော်"
"ဟုတ် ချစ်တယ်နော်ချယ်"
"ချယ်လည်းပဲချစ်တယ်ကွယ်"
ဒီလိုနဲ့ခွန်းနှင့်နှောင်းတို့၏ညတာလေးဟာလှပနေတော့မှာဖြစ်သည်။
မနက်ရောက်သော်နှောင်းသည်ကျောင်းသွားရန်ပြင်ဆင်ပြီးအမေဖြစ်သူနှင့်မနက်စာစားနေစဉ်။
"မောင်စည်သူကိုဘယ်လိုသဘောရလဲသမီး"
"ဘာကိုလဲအမေ"
"အမေပြောချင်တာကိုသမီးသိပါတယ် အမေ့သမီးကိုမောင်စည်သူနဲ့အမေသဘောတူတယ် သမီးသူ့အပေါ်ဘယ်လိုမျိုးသဘောထားလဲမေးနေတာ"
"ဘယ်လိုမှသဘောမထားဘူးအမေ စိတ်ထဲလည်းမရှိဘူး"
"အမေကလည်း သမီးကိုမောင်စည်သူကလွဲပြီးဘယ်သူနဲ့မှသဘောမတူနိုင်ဘူး"
"တော်ပါတော့အမေရယ် သမီးအရွယ်ကကလေးအရွယ်လည်းမဟုတ်ဘူး သမီးအိမ်ထောင်ဖက်ကိုသမီးစိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်မရှိဘူးလား အမေဘယ်လိုပဲပြောပြောသူ့ကိုသမီးလုံး၀စိတ်မ၀င်စားဘူးဒါအရှင်းဆုံးပြောတာ ကျောင်းသွားပါတော့မယ်"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်