မနက်မိုးလင်းတော့ခွန်းဟာအရင်နိုးလာခဲ့ကာသူမရင်ခွင်ထဲကနွေးထွေးရာလေးကိုတစ်ချက်ငုံကြည့်လိုက်ကာပြုံးနေမိသည်။ခွန်းရဲ့အပြုံးတွေဟာဒီအမျိုးသမီးကြောင့်နဲ့ဖြစ်တည်လာတဲ့အပြုံးများသာဖြစ်သည်။ လူတွေကချစ်မိရင်ချစ်ရသူရဲ့မျက်နှာလေးကိုမြင်လိုက်ရယုံအသံလေးကြားလိုက်ရယုံနဲ့တင်ပြုံးမိစေတာသဘာ၀ပါပဲ။
"ချယ် ထတော့လေ"
"အွန်း"
တကယ်တော့နှောင်းနိုးနေတာကြာပါပြီ။
နွေးထွေးလှတဲ့ဒီရင်ခွင်ငယ်လေးထဲကထွက်ချင်စိတ်မရှိသည်မို့ခို၀င်နေခြင်းသာဖြစ်သည်။"ချယ်"
ခွန်းခေါ်သော်လည်းနှောင်းဟာမော့ကြည့်မလာပဲခေါင်းလေးသာဆက်ငုံထားသည်။
"ချယ်လို့"
"ပြောလေကွယ်ချယ်နားထောင်နေပါတယ်"
"ခွန်းကိုကြည့်ပါအုန်း"
မော့ကြည့်လာတဲ့မျက်၀န်း ထိုမျက်၀န်းစိုစိုနက်နက်တွေထဲမှာပြည့်လျှံနေတဲ့မျက်ရည်စများ။
"ဘာလို့ငိုနေရတာလဲချယ်ရယ်"
"အိမ်ပြန်တော့ခွန်းသစ္စာချို"
နှောင်းဟာထိုသို့ပြောကာခွန်းရင်ခွင််ထဲမှထွက်လိုက်ပြီးသူမခန္ဓာကိုယ်အားစောင်လေးဖြင့်အသာပတ်ကာကုတင်ပေါ်မှထလိုက်သည်။
"ထပ်ပြီးတော့နှင်ထုတ်နေပြန်ပြီလားဘာလို့များလဲချယ်ရယ်"
"မင်းနဲ့တို့နဲ့ကဘယ်လိုမှမဖြစ်နိုင်တာမို့မဖြစ်နိုင်တာကိုတဇွတ်ထိုးဆန်ဆန်ရှေ့ဆက်တိုးမနေပါနဲ့တော့။ ဒီလောက်နဲ့တို့တွေရဲ့သံယောဇဉ်ကြိုးတွေကိုဖြတ်တောက်လိုက်ကြရအောင်"
"ချယ်"
"မင်းကျေနပ်တယ်မလား ညကမင်းကျေနပ်အောင်တို့ခန္ဓာကိုယ်ကိုပေးပြီးဖြည့်ဆည်းခဲ့ပြီးပြီမို့လို့ တို့တွေဒီထက်ပိုပြီးမပတ်သတ်ကြရအောင်"
"စကားကိုကြည့်ပြောပါ!! ခွန်းကိုဘယ်လိုမိန်းမစားမျိုးများထင်နေလဲ တစ်ညတာသာယာမှုကိုမျှော်လင့်ပြီးအရှက်မရှိလာကပ်တွယ်နေတယ်များထင်နေလား အဲ့လိုထင်နေတယ်ဆိုရင်တော့ခွန်းအချစ်တွေကိုထပ်ပြီးစော်ကားရာကျသွားပြီ"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်