"ဟင်"
"ချစ်တယ်လို့"
"ဘာတွေပြောနေတာလဲကလေးရယ်"
"ချစ်တယ်လို့ပြောတာလေမကြားလိုက်လို့လားဒါဆိုထပ်ပြောမယ်ချစ်တယ်သိပ်ချစ်တယ်ရူးလောက်အောင်ချစ်တယ်"
"ချယ်ကကလေးကိုမချစ်ခဲ့ဘူးလေ"
"ထပ်ပြီးတော့မလိမ်ပါနဲ့တော့ခွန်းအကုန်သိပြီးပြီ၊ချယ်ခွန်းကိုသိပ်ချစ်တယ်ဆိုတာကိုလဲခွန်းသိတယ် ချယ်ကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးကိုလဲခွန်းသိတယ်။သိတာမို့ဒီထက်ပိုပြီးမချစ်ဘူးဆိုတဲ့စကားကိုမပြောပါနဲ့တော့"
"ဟင် ဘယ်လိုဖြစ်လို့ သိ သိသွားရတာလဲဘယ်သူပြောတာလဲ"
"အများကြီးနာကျင်နေခဲ့ရမှာပဲခွန်းအမျိုးသမီးလေး။ချယ့်နာကျင်မှုတွေကိုမမြင်နိုင်ခဲ့လို့တကယ်တောင်းပန်ပါတယ်"
"ဟင့်အင်း"ဟုပြောကာမျက်ရည်တွေစီးကျလာပြီးရှိုက်ကာငိုလာသည့်ထိုအမျိုးသမီးကိုခွန်းရင်ခွင်ထဲထွေးပွေ့ထားလိုက်သည်။
"ငိုပါ၀အောင်သာငိုလိုက်ပါနောက်တစ်ခါဆိုချယ်မငိုရတော့ဘူးချယ့်ကိုပျော်ရွှင်အောင်ထားနိုင်ဖို့ခွန်းအစွမ်းကုန်ကြိုးစားတော့မှာမို့အခုအ၀ငိုလိုက်ပါ"
ခွန်းထိုသို့ပြောလိုက်ကာမှရင်ခွင်ထဲသို့ပိုတိုး၀င်လာသည့်တစ်သိမ့်သိမ့်တုန်နေသည့်ခန္ဓာကိုယ်လေး။ခွန်းသည်လည်းပဲထိုနည်းတူနှောင်းခန္ဓာကိုယ်လေးကိုထွေးပွေ့ထားရင်းမျက်ရည်တွေစီးကျနေတော့သည်။
အတော်ကြာတဲ့အထိနှောင်းဟာခွန်းရင်ခွင်ထဲတွင်ငိုကြွေးနေသည်။ခနနေတော့ငိုလို့၀လို့ထင်ပါရဲ့ရင်ခွင်ထဲကထွက်လာပြီးမျက်ရည်တွေသုတ်ကာနှာခေါင်းလေးကိုပွတ်သတ်နေသည့်နှောင်းပုံစံလေးဟာသိပ်ချစ်စရာကောင်းနေသည်။"ခွန်းရင်ခွင်ထဲမှာပဲနေပါ၊ခွန်းရင်ခွင်ထဲမှာပဲပျော်ပါ၊ခွန်းရင်ခွင်ကချယ်၀င်ရောက်ခိုလှုံနိုင်ဖို့အမြဲအသင့်ရှိနေပါတယ်"
"ဟင့်အင်းမဖြစ်နိုင်တော့ဘူးချယ်နဲ့ကလေးနဲ့ကဘယ်လိုမှမဖြစ်နိုင်တော့ဘူး"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်