ခွန်းရဲ့ကျောင်းပိတ်ရက်နှစ်ရက်ဟာနှောင်းနှင့်အတူဖြတ်သန်းရင်းပင်ဘယ်လိုကုန်ဆုံးလို့ကုန်ဆုံးသွားမယ်တောင်မသိချေ။ကျောင်းပြန်ဖွင့်ပြီမို့ခွန်းနှောင်းနှင့်အတူကျောင်းသွားရန်ပြင်ဆင်နေတော့သည်။
"သမီးသွားတော့မလို့လားအစောကြီးနေပါအုန်း"
"သွားတော့မယ်လေအမေရဲ့မနက်စာလည်းစားပြီးပြီဟာကို"
"သမီးတီချယ်နဲ့ပဲအတူသွားမှာလား"
"ဒါပေါ့အမေရဲ့"
"ငါ့သမီးတော်တော်လေးပြောင်းလဲသွားတယ်နော်အရင်တုန်းကဆိုလမ်းလျှောက်ရမှာကိုအရမ်းပျင်းပြီးဘယ်သွားသွားကားနဲ့ပဲသွားချင်တဲ့လူကများ ပြီးတော့ငယ်ငယ်ထည်းကကြက်သားဟင်းနဲ့ပဲထမင်းစားတက်တဲ့လူကအခုဆိုငါးဟင်းကိုကြိုက်တယ်တဲ့လေ"
"ချယ်ကငါးစားရင်ဉာဏ်ကောင်းတယ်ဆိုလို့ပါအမေရယ်"
"မွေးရကျိုးနပ်တဲ့သမီးလေး အမေဖြစ်သူကစားစေချင်လို့ဉာဏ်ကောင်းပါတယ်စားကြည့်ပါဆိုပြီးအာပေါက်မတက်ပြောတုန်းကကျအဖက်တောင်မလုပ်"
"အမေကလဲဗျာပွစိစိနဲ့ သွားတော့မယ်နော်"
"သေချာဂရုစိုက်သွားအုန်း"
ခွန်းတော့သူမအမေရဲ့ပွစိစိပြောဒဏ်တွေကိုမခံနိုင်လို့လွယ်အိတ်ဆွဲပြီးသာနှောင်းအိမ်ကိုသွားတော့သည်။
"ချယ်ရေ"
"အော်သမီးခွန်းလေးလာ သမီးချယ်နေသိပ်မကောင်းဘူးကွဲ့ လာအထဲ၀င်"
"ချယ်ကဘာဖြစ်တာလဲအန်တီ အရမ်းနေမကောင်းဖြစ်နေတာလားအခုရောဘယ်လိုနေသေးလဲသက်သာလားဟင်"
"အယ် အရမ်းကြီးနေမကောင်းတာမဟုတ်ပါဘူးသမီးရယ်"
ခွန်းအိမ်ထဲရောက်တော့ခုံလေးပေါ်မှာထိုင်နေတဲ့အမျိုးသမီးကိုတွေ့ရသည် မျက်နှာလေးဟာလည်းနွမ်းလို့နေသည်။
"ချယ် အများကြီးနေမကောင်းဖြစ်နေတာလားဟင်"
"မဟုတ်ပါဘူးကလေးရယ် နည်းနည်းခေါင်းမူးနေယုံပါ"
"ဆေးသောက်ထားလားချယ်"
"အင်း ခုပဲမနက်စာစားပြီးသောက်ထားတယ်ကလေး ချယ်တို့ကျောင်းသွားကြရအောင်နောက်ကျနေလိမ့်မယ်"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်