Part 2

421 10 0
                                    

ခွန်းတို့မုန့်စားပြီးအတန်းထဲပြန်၀င်တော့တီချယ်နှင့်တွေ့သည်။ခွန်းရင်ဘတ်ထဲကအကောင်ပေါက်ဟာအငြိမ်မနေတော့ပါတီချယ့်အနားပိုရောက်လာလေရင်တွေပိုခုန်လေဖြစ်နေတာမို့ခွန်းစိတ်တိုမိသည်။

"ကလေး"

"ရှင် ခွန်းကိုခေါ်တာလားတီချယ်"

ခွန်းကြောင်တောင်တောင်လေးဖြစ်နေသည်ရင်တွေအရမ်းခုန်နေသည်မို့ရှောင်ချင်နေပါသည်ဆိုမှဟိုကလှမ်းခေါ်လေသည်။ကလေး ကလေးတဲ့လေ ချစ်စရာကောင်းလိုက်လေခြင်း။

"ဟုတ်တယ်လေ ကလေးက ဒီနှစ်မှပြောင်းလာတာဆိုတော့ကျောင်းတက်ရတာအဆင်ပြေရဲ့လားသိချင်လို့လေကွယ်"

"ဟုတ် ပြေပါတယ်တီချယ်"

"ကလေးနာမည်ကခွန်းသစ္စာချိုမလား"

"ဟုတ်ကဲ့တီချယ်"

"ဟုတ်ပါပြီ ဒါဆိုစာသေချာကြိုးစားကွယ်"

"ဟုတ်ကဲ့သေချာကြိုးစားပါ့မယ်တီချယ်"

တီချယ်ကခွန်းအဖြေကိုတစ်ချက်ပြုံးပြပီးအရှေ့ကထွက်သွားသည်။ခွန်းဘေးကဖြတ်သွားစဉ်တီချယ့်ဆီကကိုယ်သင်းနံ့မွှေးမွှေးလေးကိုခွန်းခံစားမိလိုက်သည်။ခွန်းစိတ်ထဲ ဒီအမျိုးသမီး ကိုယ်သင်းရနံ့လေးကအစသဘောကျချင်စရာကောင်းတာပါလားဟုတွေးမိသည်။ ဘေးကလရောင်ချိုကတော့ကြောင်တောင်တောင်နဲ့ဘာတွေတွေးနေမှန်းမသိတဲ့ခွန်းကိုတစ်ချက်ဖြတ်ရိုက်သည်။

"ဟဲ့နင်ဟာလေဘာတွေတွေးလို့တွေးနေမှန်းကိုမသိငါရှိမှန်းတောင်သိရဲ့လား"

"ဆောရီးပါဟာ ငါတီချယ့်အကြောင်းတွေးနေလို့"

"နင်မရိုးတော့ဘူးနော်တီချယ့်ကိုတကယ်သဘောကျနေတာမလား"

"ဟာ မဟုတ်ပါဘူးဟ"

"ပြီးတာပဲမဟုတ်လဲလာသွားမယ်စာသင်တော့မယ်"

သူမတို့နှစ်ယောက်အခန်းထဲပြန်၀င်လာခဲ့သည်။ခွန်းကတော့ထုံးစံအတိုင်းစာကိုသေချာအာရုံစိုက်လုပ်သည်လရောင်ချိုကတော့ဘေးနားကနေစကားလာများနေသည်မို့ခွန်းအနည်းငယ်စိတ်ရှုပ်ပေမယ့်သူမသူငယ်ချင်းလေးကိုအပြစ်မမြင်ပါသူမအတွက်သူငယ်ချင်းဆိုတာအခုမှရှိလာတာမဟုတ်လား။ဒီလိုနဲ့ကျောင်းဆင်းချိန်တောင်ရောက်လာခဲ့ပြီ။

နှင်းဆီနီနီ (Completed)Where stories live. Discover now