ချယ်ပြောသည့်နေရာလေးသည် တကယ်ကိုပင်တိတ်ဆိတ်ငြိမ်သက်လှပြီးဘေးနားပတ်၀န်းကျင်ဟာလဲသစ်ပင်များဖြင့်ပြည့်နှက်နေသည်ထိုသို့နေရာမျိုးကိုခွန်းသဘောကျလှသည် အေးချမ်းပြီးသာယာလှသည်။
"ကလေး အေးတယ်မဟုတ်လားဒီနေရာလေးကအေးတယ်မဟုတ်လား ချယ်တို့တက္ကသိုလ်တွေတက်တုန်းကဆိုပြန်လာရင်သူငယ်ချင်းတွေနဲ့ဒီမှာလာလာထိုင်နေကြ"
"အခုချယ့်သူငယ်ချင်းမဟုတ်ပဲ ခွန်းနဲ့အတူထိုင်ကြမလား"
"အင်း ထိုင်ကြမယ်နော်လာ"ဟုဆိုကာခွန်းလက်လေးကိုဆုပ်ကိုင်ပြီးအုတ်ခုံလေးပေါ်တွင်ထိုင်လိုက်ကြသည်။
"ကလေးသိလား ဒီနေရာကလေအတွဲတွေတော်တော်များများလာကြတယ်"
ပြုံးစိစိဖြင့်ပြောနေသည့်ချယ့်ပုံစံလေးမှာအလွန်ချစ်စရာကောင်းလွန်းလှသည်။
"ဟိုဘက်မှာပန်းခြံကြီးတစ်ခုလုံးရှိနေတာကိုဒီကိုလာကြတယ်ပေါ့"
"အေးအေးချမ်းချမ်းနဲ့တွေ့ချင်ကြတဲ့လူတွေကတော့ဒီကိုလာကြတာပေါ့ကွယ်"
"ချယ် အချစ်ဆိုတာကိုဘယ်လိုမျိုးနားလည်လဲဟင်"
"အယ် ချယ်ကတစ်ခါမှမချစ်ဘူးတော့မပြောတက်ဘူးကွယ် အချစ်ဆိုတာကအချစ်ပဲလို့မြင်တယ် မပိုင်ဆိုင်ရလဲချစ်နေရယုံနဲ့လုံလောက်တယ်လို့ထင်တယ်"
"မိန်းကလေးအချင်းချင်း ချစ်တဲ့အချစ်မျိုးကိုရောချယ်နားလည်နိုင်လားဟင်"
"နားလည်တာပေါ့ကလေးရဲ့ ချယ်ခုနကပြောသလိုပေါ့ အချစ်ဆိုတာကအချစ်ပဲလေ မဟုတ်ဘူးလား"
"ချစ်တယ်"
"ဟင်"
"ချစ်တယ်လို့ပြောတာ ချယ့်ကိုချစ်တယ်"
"ကလေး"
"မဖြစ်နိုင်ဘူးဆိုတာခွန်းနားလည်ပါတယ် ဒါပေမယ့်ရယ်လို့ခွန်းတကယ်ကိုချစ်မိတာပါ တောင်းပန်ပါတယ်ချစ်မိခဲ့လို့ ချယ့်ဆီကဘာဆိုဘာမှမတောင်းဆိုပါဘူး ပြန်ချစ်ပေးပါလို့မတောင်းဆိုသလို ပြန်မချစ်နိုင်မှာကိုလဲသိပါတယ် ဒါပေမယ့်ခွန်းချစ်နေတယ်ဆိုတာလေးကိုသိထားပေးပါ ခွန်းချယ့်ကိုချစ်နေတယ်ဆိုတာကိုသိစေချင်ယုံလေးသက်သက်ပါ အခုလိုတွေပြောလိုက်မိလို့ချယ်စိတ်ဆိုးတယ်ဆိုရင်လဲခွန်းဘက်ကအနူးအညွတ်တောင်းပန်ပါတယ်"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်