Part 18

201 5 0
                                    

ဒီလိုနှင့်ခွန်းတို့ချစ်သူတွေဖြစ်ကြတာတစ်လပင်ပြည့်ပြီဖြစ်သည်။ ဒီနေ့ဟာဆိုရင်ဖြင့်ခွန်းမွေးနေ့လည်းဖြစ်သလိုခွန်းတို့ရဲ့ anniနေ့လည်းဖြစ်သည်။ကျောင်းပိတ်ရက်လဲဖြစ်သည်မို့နှောင်းနှင့်အတူဘုရားသွားချင်မိသည်ထို့ကြောင့်နှောင်းကိုဖုန်းဆက်ကာဘုရားလိုက်ပို့ပေးဖို့ပူဆာရန်လုပ်နေတော့သည်။

"ချယ်"

"ရှင်"

"ဒီနေ့ခွန်းမွေးနေ့သိလား ချယ်နဲ့တူတူဘုရားသွားချင်တယ် ပြီးတော့ချယ်နဲ့ခွန်းနဲ့ချစ်သူဖြစ်တာတစ်လ‌ပြည့်တဲ့နေ့လေ"

"ချယ်သိတာပေါ့ကွယ် ကလေးသဘော သွားကြမယ်နော်ဘုရား"

"ဟီး ဒါဆိုခွန်းပြင်ဆင်ပြီးချယ့်ဆီလာခဲ့မယ်နော်"

"စောင့်နေမယ်ပေါက်စလေး"

"ဟီးဟုတ်ကဲ့ချစ်တယ်အာဘွား"

"ချယ်လဲချစ်တယ်အာဘွားရှင်"ဟုပြောကာဖုန်းချလိုက်ပြီး ဘုရားသွားရန်ပြင်ဆင်ကြတော့သည်။

"သမီး ဘယ်သွားမလို့လဲ ဒီနေ့သမီးမွေးနေ့လေ ဘာလုပ်ချင်လဲ အပြင်သွားချင်လား ပါတီလုပ်ချင်လား"

"ဘာမှမလုပ်ချင်တော့ဘူးအမေ သမီးချယ်နဲ့ဘုရားသွားမို့ ပါတီလုပ်တာထက်ဘုရားသွားပြီးကုသိုလ်ကောင်းမှုလုပ်တာကပို‌ကောင်းတယ်"

"အမယ်လေး ငါ့သမီးဘယ်လိုတွေများဖြစ်သွားသလဲ တစ်ခါထည်းပါသီလရှင်၀တ်လိုက်ပါ့လား"

"အမေကလဲ"

"အမေကလဲလုပ်မနေနဲ့အပြန်နောက်မကျစေနဲ့နော်"

"နောက်မကျပါဘူး"

"ပြီးတာပဲဂရုစိုက်သွား"

ခွန်းအမြန်ပင်ထွက်လာတော့သည်သူမချစ်ရသည့်ချယ့်အတွက်နှင်းဆီနီရဲရဲပွင့်လေးဟာလည်းမပါမဖြစ်။

"သမီးဘုရားသွားမလို့လားဒီလိုပြင်ဆင်ထားတာ"

"ဟုတ်အမေ ဒီနေ့ကလေးရဲ့မွေးနေ့လေ ဘုရားသွားချင်တယ်ဆိုလို့"

"အော်ခွန်းလေးမွေးနေ့လား နေပါအုန်းဒီကလေးကိုမွေးနေ့လက်ဆောင်ပေးရမယ်"

နှင်းဆီနီနီ (Completed)Where stories live. Discover now