နှောင်း ခွန်းကိုလမ်းထိပ်ပို့ပြီးအိမ်သို့ရောက်သော်။
"သမီး အဲ့ကလေးလေးကိုအိမ်မာစာခေါ်သင်မှာဟုတ်လား"
"ဟုတ်တယ်အမေ ကလေးကအစကသူ့အိမ်မှာလိုက်သင်ပေးဖို့ပြောပေမယ့် သမီးကအမေ့ကိုစိတ်မချလို့လေဒီရက်ပိုင်းအမေကနေကောင်းတာမှမဟုတ်တာ"
"အမေကဘာမှမဖြစ်ပါဘူးစိတ်မပူပါနဲ့သမီးရယ် ဘာပဲဖြစ်ဖြစ်အိမ်ခေါ်သင်မယ်ဆိုတော့လည်းသင်ပေါ့ကလေးလေးကလိမ္မာမဲ့ပုံလေးပဲ အမေတော့ချစ်တယ်ရယ်"
"ဟုတ်တယ် ကလေးကလိမ္မာတယ်အမေရဲ့စာလဲတော်တယ်"
"အေးပါအေးပါ နားတော့"
"ဟုတ်အမေ"
တစ်ဖက်တွင်ခွန်းကတော့တီချယ့်အကြောင်းတွေးရင်းပျော်လို့နေသည် ခွန်းသစ္စာချိုတစ်ယောက်ဆေးမမှီတော့ပါ။
"အမေသမီးတီချယ့်အိမ်မာစာသွားသင်မာနော်"
"ဟင် အိမ်ခေါ်မသင်ဘူးလားသမီးရဲ့"
"တီချယ့်အမေကနေသိပ်မကောင်းတော့တီချယ်ကစိတ်မချလို့တဲ့အမေ ဘာပဲဖြစ်ဖြစ် တီချယ့်အိမ်ပဲသွားသင်မှာ တီချယ်နဲ့ပဲသင်မှာ"
"ဟုတ်ပါပြီတော် ဘယ်သူကရောမသင်ခိုင်းမှာကျစာသာသေချာလိုက်လုပ်ကြားလား"
"ဟုတ် ဒါနဲ့အဖေကပြန်မလာသေးဘူးလား ညစာစားချိန်တောင်ကျော်နေပြီဟာကို"
"သမီးအဖေနောက်ကျမယ်လို့အမေ့ကိုဖုန်းဆက်ပြောထားတယ်"
"အော် ဒါဆိုသမီးစာသွားလုပ်ပြီနော်"
"သွားလုပ်ပါရှင်"
ခွန်းအပေါ်ထပ်သို့တက်ကာစာလုပ်ရန်ပြင်ဆင်လိုက်သည်။
"ဝါး အိပ်တောင်အိပ်ချင်လာပြီ ငါစာလုပ်နေတာနဲ့ဘယ်ချိန်ရှိပြီလဲတောင်မသိ ဟ 10နာရီတောင်ခွဲပြီးနေပြီ တယ်တော်တဲ့ငါပါလား ဘာလို့ဒီလောက်ထိစာလုပ်နိုင်ရတာလဲ အရမ်းတွေတော်နေတော့နေရတောင်ခက်နေပြီ"
ခွန်းတစ်ယောက်သူမကိုယ်သူမချီးမွန်းခန်းဖွင့်လို့မဆုံးနိုင်ပါ။ထို့နောက်စာလုပ်ရတာညောင်းလာသည်မို့အိပ်ရန်သာဆုံးဖြတ်လိုက်သည်။
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်