ခွန်းတို့အိမ်ပြန်လာတဲ့အချိန်ဟာညနေတောင်စောင်းနေပြီဖြစ်သည်မို့ ခွန်းတစ်ယောက်သူမအမျိုးသမီးကိုအိမ်ထိလိုက်ပို့ပေးလေသည်။
"ကလေးအိမ်ထဲ၀င်အုန်း"
"၀င်မှာပေါ့ချယ်အလှလေးရဲ့"
"ဟွန့်"
"အော် သမီးတို့ပြန်လာကြပြီလား အတော်ပဲ သမီးဒေါ်လေးလေနေမကောင်းဖြစ်နေလို့တဲ့အဲ့တာအမေညသွားအိပ်ပေးမလို့သမီးတစ်ယောက်ထည်းနေခဲ့လို့အဆင်ပြေပါ့မလား လိုက်ခဲ့မလားသမီး"
"ရပါတယ်အမေ သမီးနေခဲ့လိုက်မယ် ဒေါ်လေးကဘာဖြစ်တာလဲ"
"အမေလဲမသိသေးပါဘူးအခုသွားကြည့်မှသိမှာ အိပ်ယာထဲတောင်လှဲနေတယ်ဆိုပဲ အဲ့တာအမေစိတ်ပူလို့ဂရုစိုက်ပေးမလို့နှစ်ရက်သုံးရက်လောက်ဟိုမှာကြာဖြစ်ရင်လဲကြာဖြစ်မယ်"
"သမီးကိုစိတ်ချပါ ဒေါ်လေးကိုသာသေချာဂရုစိုက်ပေးလိုက်ပါအမေ အခုသွားတော့မှာလား"
"အေး အခုသွားတော့မှာ တက္ကစီခေါ်ထားတယ် သမီးတစ်ယောက်ထဲအဆင်မပြေရင်ခွန်းလေးကိုခေါ်အိပ်လိုက်ပါလား"
နှောင်းအမေဟာထိုသို့ပြောပြီးခွန်းဆီအကြည့်ရောက်လာသည်။ခွန်းလဲချယ့်ကိုတစ်ယောက်ထည်းစိတ်မချပါဒါပေမယ့်ခွန်းမိဘတွေကချယ့်အိမ်မာညလာအိပ်မယ်ဆိုတာကိုခွင့်ပြုပါ့မလား။
"သမီးခွန်းလေး သမီးချယ်နဲ့ညလာအိပ်ပေးလို့အဆင်ပြေလားကွဲ့"
"အမေကလည်းကလေးမိဘတွေကဘယ်လိုလုပ်စိတ်ချပါ့မလဲသမီးတစ်ယောက်ထည်းတကယ်အဆင်ပြေပါတယ်"
"ခွန်းစိတ်မချဘူးချယ်"
"အို ကျွန်မက ကလေးအရွယ်မှမဟုတ်တော့ပဲရှင်ရယ်"
"မသိဘူး"
"ဒီကောင်မလေးကတော့"
"ခွန်းမိဘတွေကိုပြောပြီးချယ်နဲ့အတူညလာအိပ်ပေးပါ့မယ်အန်တီ စိတ်ချပါ"
"အေးပါကွယ် ဟောတက္ကစီတောင်ရောက်နေပြီသွားပြီသမီးရေ"
"သေချာဂရုစိုက်သွားအုန်းအမေ"
"ချယ် ခွန်းလာအိပ်မယ်နော်"
"ကလေးမိဘတွေကအိပ်ခိုင်းပါ့မလားကွယ် "
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်